Create By

အက်မင်များ

(၁) ကိုမြင့်သောင်း(ဥက္ကဌ)
(095105605)
umt@shwepdm.com

(၂) မစန်းစန်းထွေး
(0973008364)
sanhtwe@shwepdm.com

(၃) ကိုနိုင်
(0973179494)
kn@shwepdm.com

(၄) ကိုအောင်ထက်
(09422206531)
kah@shwepdm.com

(၅) ကိုသန်းထွဋ်
(09420141093)
kth@shwepdm.com

မြန်မာဆိုဒ်များအတွက်လမ်းညွှန်

အင်္ဂလိပ်ဆိုဒ်များအတွက်လမ်းညွှန်

  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE
  • ရွှေပဒုမ္မာ-ပရဟိတ

    DESCRIPTION GOES HERE

အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများကိုဖတ်ပြီး တတ်နိုင်သမျှ အချိန်ယူကာ တရားအားထုတ်ကြည့်ကြတဲ့ ယောဂီအချို့ထံက သူတို့သူတို့ရဲ့ အတွေ့အကြုံလေးတွေကို မေးလျှောက်လာတာတွေ ရှိပါတယ်။ အများအားဖြင့်တော့ စိတ်မတည်မငြိမ် ဖြစ်တဲ့အကြောင်း၊ မှတ်ကာစမှာပဲ စိတ်ကအတွေးတွေ ၀င်လာတဲ့အကြောင်း၊ အပြင်ကိုထွက်သွားတတ်တဲ့ အကြောင်း စတာတွေပါပဲ။ တစ်ချို့ကတော့ ကောင်းကောင်းမမှတ်နိုင်တဲ့အပြင် ခဏခဏ အိပ်ငိုက်နေတတ်ကြောင်း၊ တရားထိုင်ဖို့ မျက်စိကို မှိတ်လိုက်တာနဲ့ အိပ်ချင်စိတ်က ၀င်လာကြောင်း ပြောလာပါတယ်။ တစ်ချို့ကလည်း သမာဓိ မတည်တဲ့အပြင် ခန္ဓာကိုယ်မှာ ဟိုယားဒီယား ဟိုနာဒီနာဖြစ်ဖြစ်နေပြီး ဘယ်လိုရှုမှတ်ရမှန်းမသိ အမှတ်အာရုံ ပျောက်နေကြောင်း စသဖြင့် ဆိုလာပါတယ်။

သူတို့သူတို့ရဲ့ အသံတွေ နားထောင်ကြည့်တော့ ၀ိပဿနာတရားကို စတင်အားထုတ်တဲ့ ယောဂီများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာ အတွေ့အကြုံတွေပါပဲ။ အရင်တုန်းက စိတ်ကိုအလိုလိုက် သွားချင်ရာသွား ရောက်ချင်ရာရောက်၊ စိတ်ကူးယဉ်ရာယဉ် လွတ်ထားရာက အခုလို ထိန်းချုပ်လိုက်တော့ အထိန်းရ ခက်နေတာပေါ့။ ပင်ကိုယ်ကတည်းက ထိန်းရခက်တဲ့ စိတ်ကို ခုမှ ကောက်ခါငင်ကာ တရားမှတ်ပြီး ထိန်းကြည့်တော့ သမာဓိမရှိ၊ အလေ့အကျင့် မရှိဖြစ်ကာ ထိန်းရခက်နေခြင်း ဖြစ်ပါတယ်။ မှတ်ကာစမှာ စိတ်ကိုကောင်းကောင်း ထိန်းပြီး မှတ်ဖို့အသာထား အမှတ်အာရုံကို သိအောင်၊ ထင်ရှားအောင် မှတ်ဖို့တောင် မလွယ်လှပါဘူး။ တစ်ခါတစ်လေ ၀င်လေထွက်လေ မှတ်နေရင်း ထွက်လေပဲ ထင်ရှားပြီး၊ ၀င်လေက မထင်ရှားတာ ရှိတတ်သလို၊ တစ်ခါတစ်လေတော့လည်း ၀င်လေကထင်ရှားပြီး ထွက်လေက မထင်ရှားတာ ရှိပြန်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေ နှစ်ခုလုံး မထင်ရှားတာ ရှိတတ်သလို တစ်ခါတစ်လေ နှာခေါင်းပေါက် တစ်ခုတည်းကပဲ အ၀င်အထွက်ဖြစ်နေသလို ရှိနေတာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ အမှတ်အာရုံမှာ မကျွမ်းကျင်၊ မပိုင်နိုင်သေးလို့ပဲ ဖြစ်ပါတယ်။ များများလေ့ကျင့်ပေးရင် နောက်တော့ တဖြည်းဖြည်း ထင်ရှားလာ သိလာပါလိမ့်မယ်။

အဓိကကတော့ ဖြစ်နေတဲ့အပေါ်မှာ သူ့သဘောအတိုင်း အလိုက်သင့် ကိုယ်သိသလို၊ ကိုယ်ခံစားရသလို လိုက်ပြီး သိမှတ်ပေးနေဖို့ပါပဲ။ ထွက်လေထင်ရှားပြီး ၀င်လေမထင်ရှားတဲ့ အခါမှာလည်း ထင်ရှားတဲ့ ထွက်လေကို ထင်ရှားတဲ့အတိုင်း သိမှတ်ပေးပြီး မထင်ရှားတဲ့ ၀င်လေကိုလည်း ၀င်လေမထင်ရှားပေမယ့် ၀င်လေရှူနေတာကိုတော့ သိနေတတ်တာဖြစ်လို့ အဲဒီလို သိနေတာလေးကိုပဲ မှတ်နေရင် ဖြစ်ပါတယ်။ မထင်ရှားပေမယ့် လေရှုသွင်းတယ်၊ လေ၀င်လာတယ်ဆိုတဲ့ သဘောကို စိတ်ကတော့ သိနေတတ်ပါတယ်။ အဲဒီအတိုင်း သိနေရင် ရပါတယ်။ ဒီလိုပဲ ၀င်လေထင်ရှားပြီး ထွက်လေမထင်ရှားတဲ့ အခါမျိုး၊ ၀င်လေရော ထွက်လေပါ မထင်ရှားတဲ့ အခါမျိုး၊ နှာခေါင်းပေါက်တစ်ခုတည်းပဲ ထင်ရှားနေတဲ့အခါမျိုး စသဖြင့် ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် မထင်ရှားပေမယ့် အသိရှိနေ၊ အသက်ရှူနေတဲ့ သဘောအသိကိုပဲ လိုက်ပြီးသိနေပေးရင် အဆင်ပြေပါတယ်။ နောက်တော့ လေ့ကျင့်ရင်းလေ့ကျင့်ရင်း တဖြည်းဖြည်း အမှတ်အာရုံထင်ရှား လာပါလိမ့်မယ်။ ထင်ရှားလာရုံတင် မဟုတ်ဘဲ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အာနာပါနရဲ့ နိမိတ်တွေလ
Read More »

အခြေခံ ၀ိပဿနာ အလုပ်ကို အားထုတ်လိုသူများအတွက် နေ့စဉ်လှုပ်ရှားနေရင်း လှုပ်ရှားမှုများမှ တရားရအောင် အားထုတ်နည်းလေးကို တင်ပြပေးခဲ့ပါတယ်။ တစ်ချို့ကတော့ အချိန်ယူပြီး တစ်နေ့တစ်ကြိမ်လောက် ဖြစ်ဖြစ် ကိုယ့်နေရာလေးမှာကိုယ် ထိုင်ပြီး တရားအားထုတ်လေ့ ရှိကြပါတယ်။ အဲလို ထိုင်ပြီး အားထုတ်တာကိုပဲ ပိုပြီးအားရသူတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ နာရီဝက် တစ်နာရီစသဖြင့် အချိန်ယူကာ ကြိုးစားမှတ်လေ့ရှိပါတယ်။ တရားအားထုတ်တဲ့အခါ သမာဓိကို တစ်ဆက်တည်းကျအောင် အားထုတ်နိုင်မှ ကောင်းပေမယ့် အချိန်မရတဲ့အတွက် ရတဲ့အချိန်ကိုယူပြီး ကြိုးစားအားထုတ်တဲ့ အပေါ် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလိုသူတွေအတွက် နည်းမှန်လမ်းမှန် ဖြစ်စေဖို့၊ အားထုတ်ချိန်မှာ ဖြစ်တတ်တာလေးတွေကို သိထားဖို့ နောက်ဆက်တွဲ အနေနဲ့ ထပ်ပြီး တင်ပြပေးဖြစ်ပါတယ်။

ထိုင်ပြီး တရားမှတ်တဲ့ ယောဂီများအတွက် အဖြစ်များတာတွေက စိတ်မတည်ငြိမ်ဘဲ ဟိုရောက်ဒီရောက်ဖြစ်တာ၊ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံဖြစ်တာ၊ အိပ်ငိုက်တတ်တာ၊ ဟိုနာဒီနာ ဟိုယားဒီယားဖြစ်တာ စတာတွေပါ။ အာနာပါနကို အခြေခံပြီး စမှတ်ပေမယ့် သမာဓိ မရှိဘဲဖြစ်နေတော့ စမှတ်ကာစမှာပဲ စိတ်က လွတ်လွတ်နေတတ်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေလေးကို တစ်ချက်နှစ်ချက်လောက်ပဲ မှတ်ရသေးတယ် စိတ်ကအပြင်ရောက်နေပါတယ်။ အပြင်အတွေးတွေ၊ စိတ်ကူးတွေနောက်ကို ပါပါသွားတတ်ပါတယ်။ ပိုဆိုးတာက ရှေ့မှာလုပ်ရမယ့်၊ လုပ်ဖို့ရည်ရွယ်ထားတဲ့ အလုပ်တွေ၊ အစီအစဉ်တွေရှိနေရင် တရားထိုင်ပြီဆိုတာနဲ့ အဲဒါတွေက အရင်ပေါ်လာတော့တာပါ။ တရားထိုင်ရင်း အဲဒီအစီအစဉ်တွေ၊ အလုပ်တွေကို စိတ်ကူးပြီး လိုက်လုပ်နေဖြစ်တာပါ။ ဒါဟာ တရားထိုင်တဲ့အထိ ဒီလုပ်စရာတွေ၊ အစီအစဉ်တွေကို ယူလာလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားစထိုင်တော့မယ်ဆိုရင် မထိုင်ခင် အတိတ်ကဟာတွေရော နောင်လာမယ့် အစီအစဉ်တွေပါ အားလုံးကို တရားထိုင်တဲ့အခိုက်မှာ မေ့နိုင်အောင် ကြိုးစားခိုင်းတာ ဖြစ်ပါတယ်။ တစ်ချို့ ရိပ်သာကြီးတွေမှာဆို တရားစခန်းဝင်နေတဲ့ ယောဂီတွေကို အဲဒီကာလမှာ စာအုပ်တောင် ဖတ်မခိုင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် စာအုပ်ဖတ်ထားတဲ့အခါ တရားထိုင်ပြီဆို အဲဒီ စာအုပ်ထဲက အကြောင်းအရာတွေပဲ ခေါင်းထဲမှာရောက်လာပြီး စိတ်ကူးတွေ၊ အတွေးတွေ ဖြစ်ဖြစ်နေတတ်လို့ပါ။ အကောင်းဆုံးက တရားစထိုင်ပြီဆိုကတည်းက ကိုယ့်စိတ်ကို အဓိဋ္ဌာန်လေးနဲ့ ဒီထိုင်တဲ့ အခိုက်လေးမှာတော့ အတတ်နိုင်ဆုံး မလွတ်အောင်မှတ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြီးခဲ့တာတွေနဲ့ မရောက်လာသေးတာတွေကို အားလုံးလစ်လျူရှုပြီး လက်ရှိအခိုက်အတန့်ကိုပဲ သတိကပ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

ဝိပဿနာဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ပြီး ရှုမှတ်တာလို့ ဆိုပေမယ့် စပြီးတရားအားထုတ်တဲ့ ယောဂီများအတွက်တော့ ပေါ်တိုင်းပေါ်တိုင်း လိုက်ပြီး ရှုမှတ်နိုင်ဖို့ မလွယ်လှပါဘူး။ သတိမနိုင်သေးလို့ သမာဓိ မခိုင်သေးတဲ့အခါ ပေါ်သမျှ၊ ဖြစ်သမျှ အာရုံတွေကို တိုက်ရိုက်လိုက်ပြီး သိနိုင်မှတ်နိုင်ဖို့ ခက်ခဲလှပါတယ်။ ဒီလို အချိန်မှာ ယောဂီများအနေနဲ့ သမာဓိနဲ့ ၀ီရိယကို ညီမျှအောင် သတိနဲ့ ကြိုးစားထိန်းပေးရပါတယ်။ သမာဓိ အားနည်းလို့ စိတ်မတည်ငြိမ်သေးရင် ၀ီရိယကို အားစိုက်ပေးရပါတယ်။ စိတ်လွတ်တာနဲ့ ပြန်ဖမ်းပြန်မှတ်၊ အတွေးတွေ၊ စိတ်ကူးတွေ ၀င်နေတယ်ဆိုတာကို သိတာနဲ့ အမှတ်အာရုံကို ပြန်ယူပြန်မှတ်တဲ့ လုံ့လပြုမှု အကျင့်ကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် ပြုလုပ်ပေးရပါတယ်။ သမာဓိအားနည်းချိန်မှာ ၀ီရိယ အားကောင်းနေဖို့ လိုပါတယ်။

တစ်ခါတစ်လေကျတော့ တရားရလိုတဲ့ စိတ်ကအားကြီးပြီး မရရအောင် ကြိုးကြိုးစားစား အချိန်ပြည့် လုံ့လပြုပေမယ့် တည်ငြိမ်မှု မရှိတဲ့အတွက် တရားမှတ်ဖို့ ခက်နေတတ်ပြန်ပါတယ်။ သမာဓိမရှိဘဲ ၀ိရိယ အားကောင်းနေပြန်ရင်လည်း စိတ်အစဉ်ဟာ ပြန့်ကျဲနေတတ်ပါတယ်။ တည်ငြိမ်မှု မရှိတဲ့ ၀ီရိယဟာ စိတ်အစဉ်ကို ကစဉ်ကလျား၊ ယောက်ယက်ခပ်စေပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့အခါ သမာဓိမရှိသေးတဲ့အချိန် ၀ီရိယကိုအားပြုကာ သမာဓိရဖို့် ကြိုးစားရင်း သမာဓိနဲ့ဝီရိယကို ညီမျှအောင် သတိနဲ့ထိန်းပြီး အားထုတ်ကြည့်ကြဖို့ လိုပါတယ်။

တကယ်တော့ မဟာသတိပဋ္ဌာနသုတ်မှာ သတိပဋ္ဌာန် အားထုတ်နည်းလေးမျိုး ပြထားပေမယ့် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှအရာတွေကိုသာ သတိနဲ့ကပ်ပြီး လိုက်သိလိုက်မှတ်ပေးနိုင်ရင် ဒီနည်းတွေနဲ့ အမည်တပ်စရာတောင် လိုမယ်မထင်ပါဘူး။ စိတ်အစဉ်မှာ သတိကပ်ပြီး ထွက်သက်ဝင်သက်ကို ပင်တိုင်ထားလို့ ထင်ရှားရာကို ပြောင်းမှတ်ပေးနေရုံပါပဲ။ စာပေအတိုင်း အမည်တွေ လိုက်တပ်နေစရာ မလိုပါဘူး။ နည်းမှန်လမ်းမှန်သာ မှတ်နေမယ်ဆိုရင် မှတ်နေရင်းနဲ့ သူ့အလိုလို သတိပဋ္ဌာန် ကျင့်စဉ်တွေဖြစ်နေပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက မှတ်နေဖို့ပါပဲ။ တရားအားထုတ်တဲ့ ယောဂီတွေမှာ ထွက်သက်ဝင်သက်လို့ခေါ်တဲ့ အာနာပါနကို အခြေခံထား မှတ်နေတဲ့အခါ ကာယာနုပဿနာ၊ နောက်ပေါ်ရာပေါ်ရာကို ပြောင်းပြောင်းမှတ်တဲ့အခါ ဝေဒနာပေါ်လို့ ခံစားမှုကိုမှတ်ရင် ဝေဒနာနုပဿနာ၊ စိတ်ကူးအကြံအစီ စတာတွေကို လိုက်မှတ်ရင် စိတ္တာနုပဿနာတွေ ဖြစ်နေပါတယ်။ နောက်ပိုင်း သမာဓိအားကောင်းလာချိန်၊ ဉာဏ်အစဉ် မြင့်လာချိန်မှာတော့ သဘောတရားကိုမှတ်တဲ့ ဓမ္မာနုပဿနာ ဖြစ်လာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သတိတရား လက်ကိုင်ထားပြီး ပေါ်သမျှကိုသာ မလွတ်အောင် လိုက်သိလိုက်မှတ်နေရင် ပြီးတာပါပဲ။

ဒီနေရာမှာ အဓိကပင်တိုင်ထား မှတ်ပေးရမှာကတော့ အာနာပါနပဲ ဖြစ်ပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်မှာ တစ်ခြားအာရုံတွေ မပေါ်သေးရင် ထွက်သက်ဝင်သက်ကိုပဲ အလေးထား မှတ်နေရုံပါပဲ။ ဒီလိုမှတ်နေရင်း ခန္ဓာကိုယ် တစ်နေရာရာမှာ ယားယံတာ၊ ပူတာအေးတာ၊ နာတာကျင်တာ၊ ကိုက်တာခဲတာ စတာတွေ ပေါ်လာရင် အာနပါန မှတ်နေတဲ့ အမှတ်အာရုံကို အဲဒီဝေဒနာမှာ ပြောင်းပြီး မှတ်ပေးဖို့လိုပါတယ်။ ဝေဒနာလို့ ဆိုတဲ့အတွက် ခံစားမှုမှန်သမျှကို လိုက်ပြီး မှတ်ရပါမယ်။ တရားမှတ်နေတုန်း ကောင်းတဲ့ခံစားမှု ဝေဒနာပေါ်ရင်လည်း အဲဒီဝေဒနာကို မှတ်ပေးသိပေးနေရမှာ ဖြစ်သလို မကောင်းတဲ့ခံစားမှု ဝေဒနာပေါ်ရင်လည်း အလိုက်သင့် လိုက်သိလိုက်မှတ်ပေးနေရပါတယ်။

ဒါကို မဟာသတိပဋ္ဌာန သုတ်မှာ မြတ်ဗုဒ္ဓက “ရဟန်းတို့… ရဟန်း(ယောဂီ)သည် သုခဝေဒနာ (ချမ်းသာသောခံစားမှု)ကို ခံစားလျင်လည်း သုခဝေဒနာကို ခံစားသည်ဟု သိ၏။ ဒုက္ခဝေဒနာ (ဆင်းရဲသော ခံစားမှု)ကို ခံစားလျင်လည်း ဒုက္ခဝေဒနာကို ခံစားသည်ဟု သိ၏။ အဒုက္ခမသုခဝေဒနာ (ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သော ခံစားမှု)ကို ခံစားလျင်လည်း အဒုက္ခမသုခ ဝေဒနာကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျင်လည်း ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို“ ခံစားသည်ဟု သိ၏။”လို့ ဝေဒနာနုပဿနာ ရှုပွားပုံကို မိန့်တော်မူပါတယ်။

အထက်ပါ ဒေသနာအဖွင့်အတိုင်း ယောဂီပုဂ္ဂိုလ်များဟာ အလွယ်တကူ နားလည်ပြီး မှတ်နိုင်ပါတယ်။ တရားအားထုတ်ချိန်မှာ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ ဘယ်လိုဝေဒနာမျိုးကိုမဆို သတိကပ်ပြီး ရှုမှတ်ပေးရပါမယ်။ ဝေဒနာဆိုတာ ခံစားခြင်းဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် မှတ်သိပေးရပါမယ်။ ထွက်သက်ဝင်သက်ကို မှတ်နေရင်း ခန္ဓာကိုယ်တစ်နေရာရာမှာ ယားယံလာတဲ့အခါ အဲဒီယားယံတဲ့ ဝေဒနာကို စိတ်နဲ့အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို အလိုက်သင့် လိုက်သိနေနိုင်အောင် ကြိုးစားမှတ်ပေးရပါတယ်။ ယားနေတဲ့ ခံစားမှုဟာ ပိုပြီးယားလာရင်လည်း ယားလာနိုင်သလို၊ လျော့သွားရင်လည်း လျော့သွားတတ်ပါတယ်။ တိုးတိုးလျော့လျော့ သူဖြစ်နေတဲ့အတိုင်းပဲ လိုက်သိနေနိုင်အောင် ကြိုးစားရပါမယ်။ သီးခံနိုင်သလောက် သီးခံပြီး မှတ်ပစ်ပေးရပါမယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ အလွယ်တကူတော့ လက်မလျော့ဖို့ လိုပါတယ်။

အထူးသဖြင့် မကောင်းတဲ့ ဝေဒနာမျိုးဟာ ပိုပိုပြီး ပြင်းထန်လာတယ်လို့ ထင်တတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်ပစ်ပေးရပါမယ်။ အဲလိုမှတ်တဲ့အခါ ပျောက်သွားပြီး တစ်ခြားခံစားမှု ဝေဒနာ မှတ်စရာမရှိသေးရင် ထွက်သက်ဝင်သက်ကို ပြန်မှတ်ပေးပါ။ ဝေဒနာက မပျောက်ဘဲ ပိုပိုပြင်းထန်လာတယ်၊ ဘယ်လိုမှ သီးမခံနိုင်တော့ဘူး ဆိုရင်တော့ ဒေါသအဖြစ်ခံပြီး မမှတ်တော့ဘဲ သူ့ကိုလစ်လျူရှုကာ ထွက်သက်ဝင်သက်ကို ပြန်မှတ်ကြည့်ပါ။ အဲလိုမှ မရဘူးဆိုရင်တော့ အမှတ်သတိနဲ့ ခန္ဓာကိုယ် အနေအထား ပြုပြင်ပြီး ထွက်သက်ဝင်သက်ကို ပြန်မှတ်နိုင်ပါတယ်။ ထွက်သက်ဝင်သက် မှတ်မှုကတော့ ပင်တိုင်အမှတ်တစ်ခု ဖြစ်တဲ့အတွက် တစ်ခြားမှတ်စရာ အာရုံမရှိရင် သူ့ကိုပဲ ပြန်ပြန် မှတ်ပေးရပါတယ်။ ခန္ဓာကိုယ်မှာ ပေါ်သမျှ ဝေဒနာကို မှတ်မှုဟာ ဝေဒနာနုပဿနာ ဖြစ်တဲ့အတွက် သမာဓိအားကောင်းလို့ ထင်လာတဲ့ ချမ်းသာတဲ့ ခံစားမှု၊ ပေါ့ပါးတဲ့ ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှုတွေကိုလည်း ခံစားတဲ့အတိုင်း လိုက်မှတ်ပေးရပါမယ်။ ခံစားလို့ ကောင်းတယ်ဆိုပြီး အဲဒီခံစားမှုမှာပဲ သာယာနေမယ်ဆိုရင် တရားဟာ ရှေ့ဆက်မတက်နိုင်၊ ဉာဏ်စဉ်အဆင့် မတက်နိုင် ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကောင်းကောင်းဆိုးဆိုး ဘယ်လိုခံစားမှုမျိုးမဆို သတိကပ်ကာ လိုက်မှတ်ကြည့်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါက အာနာပါနကို ရှုမှတ်လို့ အချိန်အတော်ကြာရင် ပေါ်လာတတ်တဲ့ ခံစားမှု ဝေဒနာနဲ့ ပတ်သက်လို့ ရှုမှတ်ရမယ့် ရှုမှတ်ပုံကို ပြောပြတာ ဖြစ်ပါတယ်။

နောက် တရားအားထုတ်စ ယောဂီများမှာ ဖြစ်တတ်တဲ့ အထိန်းရအခက်ဆုံး တစ်ခုက စိတ်အမျိုးမျိုး ဖြစ်ပျက်နေမှုပဲ ဖြစ်ပါတယ်။ သမာဓိ ကောင်းကောင်းမတည်သေးတဲ့ အချိန်မှာ စိတ်မှာ အာရုံအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကောင်းတဲ့အတွေး စိတ်ကူးတွေ ပေါ်တတ်သလို မကောင်းတဲ့ အတွေးစိတ်ကူးတွေလည်း ဖြစ်တတ်ပါတယ်။ ကာမရာစိတ်တွေ ဖြစ်တတ်သလို ဒေါသစိတ်တွေလည်း ဖြစ်တတ်ပါတယ်။ ရာဂစိတ်ဖြစ်တဲ့အခါ အဲဒီစိတ်ကို မသိဘဲ အာရုံနောက်ကို လိုက်သွားမိရင် တရားအားထုတ်နေရင်းနဲ့ပဲ ကိလေသာတွေ ဖြစ်နေတတ်ပါတယ်။ သတိမပါရင် ရာဂစိတ်အတွေးတွေ ဖြစ်နေတတ်ပါတယ်။

အဲဒီလို တရားအားထုတ်ရင်း ကာမရာဂစိတ်ဖြစ်တာကို မသိဘဲ အာရုံအစွဲနောက် လိုက်မိသွားလို့ နောက်ဆုံး သုတ်လွတ်တဲ့အထိ ဖြစ်ဖူးတဲ့အကြောင်း အသိယောဂီလေး တစ်ယောက်က လျှောက်ဖူးပါတယ်။ ဒါဟာ စိတ်မှာ ဖြစ်တဲ့ ရာဂစိတ်အတွေး စိတ်ကူးကို သတိမကပ်ဖြစ်ကာ မသိလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ သဘောပါ။ ဒါကြောင့် ဘာစိတ်ဖြစ်ဖြစ် သိအောင်ကြိုးစားဖို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက စိတ္တာနုပဿနာနဲ့ ပတ်သက်လို့ “ရဟန်းတို့… ရဟန်းသည် ရာဂနှင့်တကွသော စိတ်ကိုလည်း ရာဂနှင့်တကွဖြစ်သော စိတ်ဟု သိ၏။ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု သိ၏။ ဒေါသနှင့်တကွသော စိတ်ကိုလည်း ဒေါသနှင့် တကွဖြစ်သော စိတ်ဟု သိ၏။ ဒေါသကင်းသောစိတ်ကိုလည်း ဒေါသကင်းသောစိတ်ဟု သိ၏။ ထို့အတူ မောဟနှင့်တကွသော စိတ်၊ မောဟကင်းသောစိတ်၊ ကျုံ့သော(သံခိတ္တ)စိတ်၊ ပျံ့သော(၀ိက္ခိတ္တ)စိတ်၊ မဟဂ္ဂုတ် (ရူပအရူပ)စိတ်၊ အမဟဂ္ဂုတ် (ကာမာဝစရ)စိတ်၊ သဥတ္တရစိတ်၊ အနုတ္တရစိတ်၊ သမာဟိတ (တည်ကြည်သော)စိတ်၊ အသမာဟိတ (မတည်ကြည်သော)စိတ်၊ ၀ိမုတ္တ (လွတ်မြောက်သော)စိတ်၊ အ၀ိမုတ္တ (မလွတ်မြောက်သော)စိတ် တို့ကိုလည်း ယင်း၏ ဖြစ်ပေါ်နေသည့် သဘောအတိုင်း သိ၏။”လို့ စိတ်နဲ့ပတ်သက်တဲ့ မှတ်ရမယ့်နည်းကို ဟောပြပေးတော်မူပါတယ်။

ဒီဟောကြားချက်အရ တရားအားထုတ်နေချိန် စိတ်မှာ ဘယ်လိုအတွေးစိတ်မျိုး၊ စိတ်ကူးစိတ်မျိုးပဲ ပေါ်လာပါစေ သိအောင်ကြိုးစား မှတ်ပေးရပါတယ်။ အဲဒီစိတ်အစဉ်ကို ဖြစ်တာနဲ့ သိလိုက်ရင် ရှေ့ဆက်မဖြစ်တော့ပါဘူး။ မသိလို့ အဲဒီစိတ်ရဲ့ စွဲရာနောက်ကို ပါသွားရခြင်းဖြစ်ပါတယ်။ ဆိုကြပါစို့ တရားအားထုတ်ရင်း သတိလွတ်ပြီး ရာဂစိတ်ဖြစ်တဲ့အခါ အဲဒီရာဂစိတ်ဖြစ်တာကို သိလိုက်တဲ့အခါ ဒီရာဂစိတ်က ပျောက်ပြီး သိစိတ်က အစားထိုးသွားပါတယ်။ အဲဒီသိစိတ်ကိုလည်း နောက်စိတ်တစ်ခုခုက သိလိုက်ရင် ရှေ့စိတ်က ပျောက်သွားပါတယ်။ စိတ်ဆိုတာဟာ တစ်သမှတ်တည်း ထိန်းထားလို့ ရတဲ့အရာ မဟုတ်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က လိုက်သိပေးနေတာကိုပဲ သတိရှိနေတာ၊ စိတ်ကိုသိနေတာလို့ ဆိုခြင်းဖြစ်ပါတယ်။

စိတ်တစ်ခုနဲ့တစ်ခုဟာ ဖြစ်ပျက်မှု မြန်လွန်းလှတဲ့အတွက် ဒီဖြစ်ပျက်နေမှုကိုပဲ သိနေနိုင်အောင် ကြိုးစားပေးရပါတယ်။ သမာဓိ အားကောင်းလာရင် တရားအားထုတ်ရင်း စိတ်မှာ ဖြစ်ပေါ်လာမယ့်  အတွေးစိတ်ကူးတွေကို ကြိုတင်သိလာတတ်ပါတယ်။ အပြင်ထွက်တော့မယ်ဆိုတာ သိလိုက်တာနဲ့ အဲဒီစိတ်ကို ထိန်းလိုက်နိုင်ပါပြီ။ ရှေ့ဆက်ပြီး မတိုးဖြစ်တော့ပါဘူး။ ဒါဟာ စိတ်အစဉ်ရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိလိုက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာ ဘယ်လိုအတွေး စိတ်ကူးမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်တာနက်တစ်ပြိုက်နက် သိအောင် ရှုမှတ်ပေးရကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒီလို စိတ်မှာဖြစ်သမျှ ကောင်းတဲ့စိတ်ရော မကောင်းတဲ့စိတ်တွေကိုပါ ဖြစ်ခိုက်ပေါ်ခိုက်မှာ အလိုက်သင့် လိုက်သိပေးနေတာကိုပဲ စိတ္တာနုပဿနာလို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတာကတော့ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာစသဖြင့် အသီးအသီး သတ်မှတ်ထားတဲ့ အားထုတ်မှုတွေဟာ အာနာပါနကို အခြေခံထား မှတ်နေရင်း စိတ်နဲ့ခန္ဓာကိုယ်မှာ ပေါ်သမျှအာရုံတွေကို လိုက်သိလိုက်မှတ်ပေးရုံနဲ့တင် အလိုလို ဘုရားအလိုကျ အားထုတ်ပြီးသား ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ အာနာပါနကို အလိုက်သင့် လိုက်မှတ်ပေးနေတဲ့ အချိန်မှာ ကာယာနုပဿနာ ဖြစ်နေပြီး၊ ခန္ဓာကိုယ်မှာ ပေါ်လာတဲ့ ကောင်းဆိုးနှစ်ပါး ဝေဒနာများကို အရှိအတိုင်း ခံစားခိုက်မှာ အလိုက်သင့် လိုက်သိမှတ်ပေးနေချိန်မှာ ဝေဒနာနုပဿနာ ဖြစ်နေကာ စိတ်မှာဖြစ်ပေါ်တတ်တဲ့ အတွေးစိတ်ကူး အကြံအစီစတာတွေကို ရှေ့စိတ်နောက်စိတ် မလွတ်အောင် မှတ်သိပေးနေချိန်မှာ စိတ္တာနုပဿနာဖြစ်နေတာ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်ခိုက်ပေါ်ခိုက် ဖြစ်စဲပေါ်စဲမှာ သိအောင်လုပ်လိုက်တဲ့ အချက်တစ်ခုတည်းရဲ့ အားထုတ်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားအားထုတ်တဲ့ ယောဂီများဟာ ဘာနည်းဘယ်နည်း စတဲ့အမည် နာမတွေနောက် လိုက်မနေကြဘဲ သမာဓိ၊ ၀ိရီယကို မျှတညီညွတ်အောင် သတိတရား လက်ကိုင်ထားကာ ထွက်သက်ဝင်သက်ကို အခြေခံ အမှတ်အဖြစ် ပိုင်နိုင်အောင် မှတ်ယူရင်း ခန္ဓာကိုယ်နဲ့ စိတ်မှာ ပေါ်လာသမျှ အာရုံများကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်မှာ သိအောင်သာ ကြိုးစားမှတ်နေကြဖို့ပဲ လိုပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။
Read More »

အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော်ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။ တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကု
ိ ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။

ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။ တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။ အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။

အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။ ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။ ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။

ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။ နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။

မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။

မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။ အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။

ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။ ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။ ဒီတော့ ဆရာတော်က “အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။

ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။ သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။  တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။ ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။
ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။ နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။

နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။ တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။
လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။ အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။ နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့ အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။
ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။
ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။ အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။
Read More »

 အခုရေးသားဖော်ပြပေးမယ့် တရားအားထုတ်နည်းဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ်ကို တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ် ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသား တင်ပြခြင်း ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည် သဘောပေါက်အောင် အကြိမ်ကြိမ် ဖတ်ရှုကာ လက်တွေ့အားထုတ်ကြည့်စေချင်ပါတယ်
။ ဒီနေရာမှာ ၀ိပဿနာ တရားအားထုတ်နည်းကို မပြောခင် ၀ိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အရင်ပြော လိုပါတယ်။


ဝိပဿနာဆိုတာ ၀ိဝိဓေန ပဿနာ ၀ိပဿနာလို့ စာပေမှာဆိုတဲ့အတိုင်း ၀ိဝိဓေန- အထူးထူးအပြားပြားအားဖြင့် ပဿနာ- မြင်ခြင်း၊ ကြည့်ခြင်း၊ ပိပဿနာ- အထူးထူးအပြားပြား မြင်ခြင်းကြည့်ခြင်းလို့ စာလိုနားလည်ထား နိုင်ပါတယ်။ အထူးထူး အပြားပြား မြင်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် မြင်ခြင်းသိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိကပ်နေခြင်းပါပဲ။ အဲဒါကို သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။

ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ၀ိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ၀ိပဿနာလို့ပဲ ပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ ဘာပဲဖြစ်ဖြစ် သတိရှိနေခြင်းပါပဲ။ ဒါကြောင့် ဒီနေရာမှာ တင်ပြပေးမယ့် အခြေခံဝိပဿနာ တရားအားထုတ်နည်းဟာလည်း မဟာသတိပဋ္ဌာန သုတ်လာ ဘုရားရှင်ဟောကြားတော်မူတဲ့ နည်းကိုပဲ အခြေခံပြီး နားလည်လွယ်အောင် တစ်ဆင့်ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်ကို ကြည့်ရင် ၀ိပဿနာတရား ဘာကြောင့် အားထုတ်ဖို့လိုကြောင်း အကြောင်းပြချက်မှစပြီး အားထုတ်တဲ့အခါ နေရာရွေးချယ်ထိုင်ပုံနည်းကအစ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ လောကသားတို့၏ စိုးရိမ်သောက ပူဆွေးမှုများမှစ၍ ကိလေသာကုန်ခမ်းပြီး ငြိမ်းချမ်းရာ နိဗ္ဗာန်ကို သွားရန်မှာ တစ်ခြားနည်းမရှိဘဲ ဒီသတိပဋ္ဌာန်နည်းပဲ ရှိတယ်ဆိုတာကို မဟာသတိပဋ္ဌာန သုတ်မှာအတိအလင်း ဖော်ပြထားပါတယ်။

မြတ်ဗုဒ္ဓက “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့်ခရီးလမ်းကား ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားတို့၌ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားဟူ၍ သတိသမ္ပဇဉ်ဖြင့် မလွတ်အောင် အကြိမ်ကြိမ် ရှုမှတ်၍နေခြင်း ဟူသော ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားတို့ပင်တည်း…”လို့ ဟောကြားတော်မူပါတယ်။ ဆိုလိုတာက စိုးရိမ်သောက ပူဆွေးမှုအားလုံး ချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက် စိတ်၊ ဝေဒနာ၊ ရုပ်နှင့် ဓမ္မခေါ် သဘောတရားတွေမှာ ဉာဏ်ပညာဖြင့် မလွတ်တမ်း သတိရှိရှိ မှတ်သိနေဖို့လိုကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်သောက ပူဆွေးမှုများ ကုန်ဆုံးကာ ကိလေသာငြိမ်းရာ နိဗ္ဗာန်ကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည့် ဒီသတိပဋ္ဌာန် ၀ိပဿနာ အလုပ်ကို အားထုတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ၀ိပဿနာတရား စတင်အားထုတ်တဲ့ ယောဂီဟာ “တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျှက် ထိုင်ရမည်ဖြစ်ကြောင်း” ဒီသုတ်တော်မှာ ပြထားပါတယ်။ ဒါကြောင့် စတင်အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ တောတောင်သစ်ပင် စသည်များ ရှိတဲ့နေရာကို မသွားနိုင်တာတောင်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်။

ဗုဒ္ဓက “ရဟန်းသည် (ယောဂီသည်) သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကို ပြတော်မူပါတယ်။ ဒါကြောင့် ၀ိပဿနာ တရားအားထုတ်မယ့် ယောဂီဟာ နေရာထိုင်ခင်းနှင့် ခန္ဓာကိုယ်ကို အဆင်ပြေသလို ပြင်ဆင်ပြီး စိတ်မှာတစ်ခြား ဘာအာရုံမှ မရှိစေဘဲ (အားလုံးကို မေ့နိုင်အောင် ကြိုးစား) ကိုယ့်ရဲ့စိတ်ကို အခြေခံ အမှတ်အာရုံဖြစ်တဲ့ နှာသိးဖျားကို အာရုံပြုထားရပါမယ်။ အဲဒီလိုစိတ်နဲ့ နှားသီးဖျားကို အာရုံပြု မြင်အောင်ကြည့်ပြီး ထွက်လေ၀င်လေကစ မှတ်ရပါမယ်။ နှာခေါင်းအပေါက်လေးကနေ တိုးပြီး အပေါ်နှုတ်ခမ်းစပ်လေးကို ထိထွက်လာတဲ့ ထွက်လေ၊ ထွက်လေဆုံးပြီး ပြန်ပြီးတိုးဝင်လာတဲ့  ၀င်လေကို အလိုက်သင့်လိုက်ပြီး မှတ်သိပေးနေရပါမယ်။

ဒီလို မှတ်တဲ့အခါမှာ အရှိအတိုင်းလေးပဲ မှတ်သိပေးနေရပါမယ်။ အသက်ကို လုပ်မရူရပါဘူး။ သူ့ပုံမှန် ရှူရှိုက်နေကျ အတိုင်းပဲ လိုက်သိနေရုံပါပဲ။ အဲဒီလို လိုက်သိမှတ်တဲ့အခါမှာ အမှတ်အာရုံကို ထွက်သွားတဲ့လေ၊ ၀င်လာတဲ့လေလေး ဆုံးသွားအောင် နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းကြားကနေပြီး အလိုက်သင့်စောင့်ကြည့် သိမှတ်ပေးရပါမယ်။ တစ်နေရာတည်းကပဲ စောင့်ကြည့်မှတ်ပေးရမယ်လို့ ဆိုလိုပါတယ်။ ထွက်လာ၊ ၀င်လာတဲ့လေရဲ့နောက်ကို လိုက်ပြီး ရင်ခေါင်းမှတစ်ဆင့် ၀မ်းဗိုက်အထိ လိုက်နေစရာ မလိုပါဘူး။ နှာသီးဖျားလေးကပဲ စောင့်ပြီး ထွက်လေ၀င်လေ ဆုံးအောင်တိုးထိလာတဲ့ လေလေးကို အလိုက်သင့်လိုက်မှတ် ပေးရပါမယ်။ ထွက်လေ၀င်လေကို အစအဆုံး အလိုက်သင့် လိုက်သိနေရမယ်ဆိုတာ အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျား နေရာလေးကပဲ စောင့်ကြည့်ပြီး တိုးထွက်လာတဲ့ ထွက်လေဆုံးသွားတဲ့အထိ၊ ထွက်လေဆုံးတာနဲ့ တစ်ပြိုင်နက် ၀င်လာတဲ့လေကိုလည်း အဲဒီနေရာကနေ တိုးဝင်လာတဲ့ လေလေးဆုံးသွားတဲ့အထိ စိတ်ကနေ သိမှတ်ပေးနေရပါတယ်။

အဲဒီလို ထွက်လေအစအဆုံး၊ ၀င်လေအစအဆုံးကို တစ်နေရာတည်းကနေ စောင့်ကြည့်သိရှိပေးနေတာကိုပဲ အစအလယ်အဆုံး ရှုမှတ်တယ်လို့ ဆိုပါတယ်။ အစကနေ ဆုံးသွားတဲ့အထိ မလွတ်တမ်းမှတ်နေရင် အလယ်မှာလည်း မလွတ်တော့ပါဘူး။ ဒါကိုပဲ မလွတ်တမ်း မှတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းအတိုင်း မလွတ်အောင် ကြိုးစားပြီး အကြိမ်ကြိမ် မှတ်သိပေးရပါတယ်။ ရှုမှတ်တယ်ဆိုတာ တိုးထွက်တိုးဝင်လာတဲ့ လေကို မလွတ်အောင် သတိကပ်ပြီး လိုက်သိပေးနေတာကို ဆိုလိုတာဖြစ်တဲ့အတွက် အကြိမ်ကြိမ် မှတ်သိပေးနေရပါတယ်။

ခုမှ စမှတ်တဲ့ ယောဂီတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ်။ ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ် မရတာတွေလည်း ရှိတတ်ပါတယ်။ ထွက်လေ၀င်လေ မထင်ရှားတာကို ပြောတာပါ။ တစ်ခါတစ်လေ နှာခေါင်းပေါက် တစ်ခုမှာ ထင်ရှားသလို ဖြစ်နေပြီး တစ်ခါတစ်လေ နှစ်ဘက်လုံး မထင်ရှားပဲ ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ ရှိတတ်ပါတယ်။ အဲဒီအသိအတိုင်း သိမှတ်နေရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှတ်နေရင်းနဲ့ စိတ်ကအပြင်ရောက်ပြီး အတွေးစိတ်ကူးတွေနောက် ပါသွားတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိရတိုင်း ပြန်ပြီးနှာသီးဖျား အမှတ်အာရုံကို ပြန်ယူပြန်မှတ်ပေးရပါတယ်။ ဒီလို စိတ်ထွက်လိုက် သတိရတဲ့အခါ ပြန်မှတ်လိုက် စသဖြင့် ထပ်ခါထပ်ခါ အကြိမ်ကြိမ်လုပ်ပေးရင် တဖြည်းဖြည်း သမာဓိ ရလာပါလိမ့်မယ်။ စမှတ်ကာစ သမာဓိ အားနည်းနေသေးတဲ့ အချိန်မှာ စိတ်ဓာတ်မကျ ဇွဲမလျှော့ဘဲ ကြိုးစားမှု ၀ီရီယကို ပိုပြီးအားဆိုက် ပေးရပါတယ်။ ဒါမှ သမာဓိ အားကောင်းလာမှာပါ။

ခုလို အာနာပါနကို အခြေခံပြီး အားထုတ်နေတာဟာ ကာယာနုပဿနာရှုနေတာ ဆိုပေမယ့် တကယ့်ဝိပဿနာပိုင်းကို သွားဖို့အတွက် သမာဓိ တည်ထောင်နေတာလို့ ပြောနိုင်ပါတယ်။ အာနာပါနကို ပင်တိုင်အမှတ်အာရုံ အဖြစ်ထားပြီး ၀ိပဿနာပိုင်းကို ကူးရင်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် စမှတ်တဲ့ ယောဂီအနေဖြင့် ဒီထွက်လေ၀င်လေကို မလွတ်တမ်း အစအဆုံး မှတ်တဲ့အလုပ် တစ်ခုတည်းကိုပဲ အချိန်ပေးပြီး မှတ်စေချင်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ တခြားအာရုံတွေနောက်ကို လိုက်မမှတ်သေးပဲ အာနာပါန တစ်ခုတည်းကိုပဲ မှတ်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမာဓိ မတည်သေးခင် ၀ိပဿနာပိုင်းကို ကူးတဲ့အခါမှာ မှတ်ရတာ ခက်တတ်လို့ပါ။ အာနပါနကိုပဲ တစ်နာရီမှာ တစ်နာရီနီးပါးလောက် မလွတ်တမ်း မှတ်နိုင်ပြီဆိုမှ ခန္ဓာကိုယ်မှ ပေါ်လာတတ်တဲ့ ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ၊ ယားတာ စတဲ့ ဝေဒနာတွေကို ပြောင်းပြီး ပေါ်ရာပေါ်ရာကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး မှတ်သိပေးရပါတယ်။ အဲဒီလို မှတ်တဲ့အခါမှာ ဝေဒနာရဲ့ သဘောကို စိတ်ကလေးနဲ့ မြင်အောင်ကြည့်ပြီး မှတ်သိပေးရပါတယ်။ ဝေဒနာရဲ့ သဘောဆိုတာက ကျင်ရင်ကျင်နေတဲ့ ခံစားမှု၊ ယားရင်ယားနေတဲ့ ခံစားမှု၊ ပူရင်ပူးနေတဲ့ ခံစားမှု စတာကို ပြောတာပါ။

တစ်ခါတစ်ရံ ဝေဒနာက နှစ်ခုသုံးခု ပေါ်နေတတ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး၊ မှတ်လို့အကောင်းဆုံးဖြစ်တဲ့ ခံစားမှု ဝေဒနာတစ်ခုကိုပဲ ရွေးချယ်မှတ်ပေးရပါတယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ ဝေဒနာက ပိုပြီးပြင်းထန်လာတာလည်း ရှိတတ်သလို လျှော့သွားတာလည်း ရှိတတ်ပါတယ်။ ပိုးယားလာတာ၊ ပိုပူလာတာ၊ ပိုကျင်လာတာ စတာတွေပေါ့။ များသောအားဖြင့် ပိုပြင်းလာတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေါ်သမျှဝေဒနာကို သီးခံပြီး ဒီဝေဒနာကို ကျော်သွားအောင် မှတ်ကြည့်စေချင်ပါတယ်။ ဆိုလိုတာက ဝေဒနာကပဲ ပိုပိုပြင်းနိုင်မလား ကိုယ်ကပဲ အမှတ်မလွတ်အောင် သီးခံပြီး မှတ်နိုင်မလားဆိုတဲ့ သဘောပါ။

တတ်နိုင်သမျှ သီးခံပြီးမှတ်လို့မှ ဝေဒနာက မလျှော့ဘဲ ပိုပြီး တိုးတိုးလာနေတယ် ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ ဒီဝေဒနာကို လစ်လျူရှုပြီး အာနာပါနကို ပြန်မှတ်ကြည့်ပါ။ ဒါလည်းမရ ပိုပြီးပြင်းလာတယ်၊ မှတ်ရင်းနဲ့ မခံမရပ်နိုင်ဖြစ်လာပြီး မပျောက်ရကောင်းလားဆိုတဲ့ ဒေါသအတွေးတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ထိုင်ထားတဲ့ ဣရိယပုတ်လေးကို သတိလေးနဲ့ ပြင်ပြီးထိုင်မှတ်ကြည့်ပါ။ ပြင်ပြီးထိုင်တဲ့အခါ ပြင်နေတဲ့ အမူအရာ လှုပ်ရှားမှုကို သိမှတ်ပြီး ပြင်ဖို့တော့ လိုပါတယ်။ ပြင်လိုက်တဲ့အတွက် ဣရိယာပုတ် ပြောင်းသွားရင် ဝေဒနာလည်း ပြောင်းသွားတတ်ပါတယ်။ ဒါက နောက်ဆုံး ဝေဒနာကို ဘယ်လိုမှ သီးခံလို့ မရတော့မှ ပြောင်းကြည့်ဖို့ပါ။ ဒီနည်းအတိုင်း ပေါ်ရာပေါ်ရာကို လိုက်လိုက်မှတ်ပေးတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

နောက်သမာဓိ အားကောင်းလာတဲ့ အခါမှာ ကိုယ့်ရဲ့စိတ်အစဉ်ကိုပါ သိလာတတ်ပါတယ်။ စိတ်မှာအတွေးတွေ ၀င်တော့မယ် ၀င်နေတယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ကို သတိနဲ့ သိအောင်မှတ်ပေးရပါတယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခါတည်း ချုပ်ကိုင်ထားလို့ မရတဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က သိလိုက်တာနဲ့ ရှေ့စိတ်ပျောက်ပြီး နောက်သိစိတ်က ပေါ်လာတာပါပဲ။ အဲဒီလို တစ်စိတ်ပြီး တစ်စိတ်မှတ်မှတ် သိပေးရင်ကိုပဲ စိတ္တာနုပဿနာ ဖြစ်နေတာပါ။ ဆိုကြပါစို့..။ စိတ်မှာ အလိုမကျဖြစ်တဲ့အခါ အဲဒီအလိုမကျတာကို သိလိုက်တာနဲ့ ဒီအလိုမကျတဲ့ စိတ်မဖြစ်တော့ဘဲ သိစိတ်က ဖြစ်ပေါ်လာပါတယ်။ ဒီသိစိတ်ဟာလည်း နောက်နောက်စိတ်တွေက ထပ်ထပ်ပြီး ပေါ်ပေါ်လာတဲ့အခါ အသစ်အသစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ်လာသမျှ စိတ်အစဉ်ကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိပေးနေနိုင်ရင် ဒီစိတ်ဟာ ရှေ့ဆက်မဖြစ်တော့ ပါဘူး။ အဲဒီလို ပေါ်သမျှကို လိုက်သိပေးနေတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်း အာနာပါနမှ စပြီး ရှုမှတ်ကာ သမာဓိထူထောင်လို့ ၀ိပဿနာပိုင်းကူးပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အရာမှန်သမျှကို လိုက်ပြီးသိမှတ်ပေးနေရုံနဲ့ပဲ ဗုဒ္ဓပြောတဲ့ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်နေပြီးသား ဖြစ်နေပါတယ်။ တစ်ထိုင်တည်းမှာပဲ ပေါ်ရာပေါ်ရာကို လိုက်လိုက်ပြီး မှတ်သိနေတဲ့အတွက် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ သဘောတရားကို မှတ်သိတဲ့ ဓမ္မာနုပဿနာကို ရှုမှတ်ပြီးသား ဖြစ်နေပါတယ်။ ဒါက အမည်နာမအနေနဲ့သာ ပြောခြင်းဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ပေါ်ရာပေါ်ရာကို လိုက်မှတ်နေရုံပါပဲ။

တကယ်တော့ အားတဲ့အခါတိုင်း ဒီအမှတ်လေးနဲ့ နေတတ်တဲ့ အကျင့်လေးလုပ်ပေးရင် ကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်ရာမှာ ထိုင်ပြီး မှတ်ရမယ်လို့ အထက်မှာ ဆိုထားပေမယ့် လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုတ်လေးမျိုးလုံးကို ဘယ်လိုနေရာ ဘယ်လိုအချိန်၊ ဘယ်လိုအခြေ အနေမျိုးဖြစ်ဖြစ် မှတ်သိနိုင်ပါတယ်။ ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် ကိုယ့်နေရာလေးမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်မှာ သတိလေးကပ်ပြီး သိမှတ်ပေးနေရင်လည်း တရားမှတ်တာပါပဲ။ အိပ်ရာပေါ် လှဲနေတဲ့အချိန်မှာလည်း တစ်ခြားအရာတွေ လျှောက်တွေးနေတာထက်စာရင် နှာသီးဖျားမှာ စိတ်လေးကပ်ပြီး အာနာပါနမှတ်နေရင်လည်း ကုသိုလ်ဖြစ်ပြီး သမာဓိတည်နေကာ အမှတ်သတိနဲ့ နေနေတာဖြစ်ပါတယ်။

တစ်နေရာရာကို ကားစီး၊ ရထားစီး သွားရင်လည်း အာနာပါနလေးနဲ့၊ အမှတ်သတိလေးနဲ့ မှတ်သွားနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မှာ အာရုံဆိုက်ပြီး လှုပ်ရှားနေတဲ့ ကိုယ်အမူအရာတွေကို သတိကပ်ပြီး လိုက်သိပေးနေတာလည်း အလုပ်ခွင်မှာ တရားမှတ်တာလို့ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တရားမှတ်မှုကို လျောင်း၊ထိုင်၊ရပ်၊သွား ဣရိယာပုတ်လေးပါးလုံးမှာ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်မှတ်နိုင်တယ် ဆိုတာပါပဲ။

အာနာပါနကို အခြေခံထားတဲ့ အခြေခံ ၀ိပဿနာ ရှုနည်းကို တစ်နေ့တစ်နေ့ အချိန်လေး နဲနဲစီပေးပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပုံစံမျိုးနဲ့ မှတ်ပြီးလေ့ကျင့်နိုင်ဖို့ ဒီအခြေခံ ၀ိပဿနာရှုနည်းကို တင်ပြပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ၀ိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်များမှာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ကာ လိုက်သိ၊ လိုက်မှတ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
Read More »

မရှိရင် ငါ့ကျောင်းမှာ မိုးတွေများ စိုနေမလားဟဲ့၊ မိုးကလည်း ရွာတော့မယ်။ အဲဒီ စိုးရိမ်စိတ် ရှိပါ့မလား။
(မရှိပါဘူး ဘုရား။)

ဘာကြောင့် မရှိသလဲ။
(ကျောင်းမရှိလို့ပါ ဘုရား။)



ကျောင်းမရှိတော့ ကျောင်းပေါ်မှာ တွယ်တာ တပ်မက်တဲ့ တဏှာရှိသလား။
(မရှိပါ ဘုရား။)

အဲဒီလို ကျောင်းပေါ်မှာ တွယ်တာ တပ်မက်တဲ့ တဏှာငြိမ်းတော့ ကျောင်းနဲ့ပတ်သက်တဲ့ ဆင်းရဲ မငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)

တဏှာငြိမ်းရင် ဆင်းရဲငြိမ်းတယ်။ ဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

ဒါကြောင့် ဘုန်းကြီးများဆိုရင် ဘယ်သား ဘယ်သမီးအတွက်မှ ဘုန်းကြီး ဆင်းရဲမဖြစ်ဘူး။
(ပရိသတ် ရယ်ကြသည်။)

အမယ် ... မရယ်နဲ့လေ။ ဟုတ်တာ ပြောတာ။
ကဲ အဲဒါ ဘာကြောင့်လဲ။ သားသမီး မရှိတော့ သားသမီးကို တပ်မက်တဲ့ တဏှာရှိသလား။
(မရှိပါ ဘုရား။)

အဲဒီ တဏှာ မငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)

ဒီတဏှာငြိမ်းတော့ ဘုန်းကြီးမှာ သားသမီးနဲ့ ပတ်သက်တဲ့ ဆင်းရဲမငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)

အဲဒါ ထင်ရှားတဲ့ သာဓကတွေ မဟုတ်ပေဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

ဒီတော့ တရားကျင့်ကြံ ပွားများ အားထုတ်လို့မို့ ရုပ်နဲ့နာမ်ကို သတိဦးစီးတဲ့ စိတ်နဲ့ မပြတ် ရှုလို့ ရုပ်နာမ်ရဲ့ သဘာဝအမှန်ကို သိပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေ သိမြင်တဲ့အခါ ဝိပဿနာဉာဏ်တွေ တဆင့်ထက် တဆင့် တက်သွားပြီး သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကိလေသာ ငြိမ်းတယ်။
သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကြမ်းတမ်းတဲ့ လောဘ ဒေါသ ကိလေသာတွေ ငြိမ်းတယ်။
အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကာမဘုံမှာ တွယ်တာ တပ်မက်တဲ့ လောဘနဲ့ ဒေါသ အားလုံး ငြိမ်းတယ်။
အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကျန်တဲ့ ကိလေသာအားလုံး အကြွင်းမဲ့ ငြိမ်းတယ်။
အဲဒီ ငြိမ်းတဲ့ ကိလေသာထဲမှာ အခုနက ပြောခဲ့တဲ့ မသိမှု အဝိဇ္ဇာရော၊ တပ်မက်မှု တဏှာရော ရှေ့ဆုံးက ပါတယ်။ မပါပေဘူးလား။
(ပါ,ပါတယ် ဘုရား။)

မငြိမ်းနိုင်ဘူးလား။
(ငြိမ်းနိုင်ပါတယ် ဘုရား။)

ငြိမ်းနိုင်တာကို ကျောင်းသူကျောင်းသား ဆရာ ဆရာမတွေမှာ ဘုန်းကြီးကျောင်းကို တပ်မက်တဲ့ တဏှာမရှိလို့ တဏှာငြိမ်းတာ သာဓက ပြခဲ့တယ်။ ဘုန်းကြီးမှာ သားသမီးကို တပ်မက်တဲ့ တဏှာငြိမ်းတာကို သာဓက ပြခဲ့တယ်။ တဏှာဆိုတာ ငြိမ်းနိုင်တယ်။ ငြိမ်းအောင် လုပ်လို့ရှိရင် ငြိမ်းနိုင်တယ်။ ဒါကို ပြောချင်တာပါ။
ဒီမှာလည်းပဲ အရဟတ္တမဂ်ဉာဏ်နဲ့ အရိယသစ္စာကို အမှန်အတိုင်း သိမြင်တဲ့အခါကျတော့ ဘာကိလေသာ ဘာအဝိဇ္ဇာ ဘာတဏှာမှ မရှိတော့ဘူး။ ကိလေသာအားလုံး အမြစ်မကျန် (အနုသယပါ) ငြိမ်းကုန်ကြတယ်။ ဒိဋ္ဌိလည်း မရှိတော့ဘူး။ ကိလေသာတွေ အကုန်လုံး ငြိမ်းသွားကြပြီ။

ဒီတော့ ဆင်းရဲရဲ့ အကြောင်းဖြစ်တဲ့ တွယ်တာ တပ်မက်မှု တဏှာငြိမ်းတဲ့ အခါကျတော့ ဒီ ရဟန္တာပုဂ္ဂိုလ်မှာ ဘာဆင်းရဲ ရှိဦးမလဲ။
(ဘာဆင်းရဲမှ မရှိပါ ဘုရား။)

မရှိတော့ဘူး။ သို့သော် အဲဒီ ရဟန္တာပုဂ္ဂိုလ်မှာ ရုပ်ခန္ဓာ နာမ်ခန္ဓာတော့ ကျန်မနေဘူးလား။
(ကျန်နေပါတယ် ဘုရား။)

ကျန်နေတော့ ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်မှု သင်္ခါရဒုက္ခဆိုတာတော့ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)

ဒါကြောင့် အဲဒီ ရဟန္တာရတဲ့ အာရုံပြုတဲ့ ဆင်းရဲငြိမ်းမှုသဘော = နိဗ္ဗာန်ကို ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်ရှိတဲ့ နိဗ္ဗာန် = သဥပါဒိသေသနိဗ္ဗာန် လို့ ခေါ်တယ်။ အဲဒါဟာ ဒီဘဝတင်ပဲ ရနိုင်တဲ့ နိဗ္ဗာန်ပဲ။
ဒီတော့ လုပ်ရင် မရဘူးလား။
(ရပါတယ် ဘုရား။)

ရတယ်။ ဒါပေမယ့် သင်္ခါရဒုက္ခဆိုတဲ့ ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်မှုပျက်မှု ကျန်နေသေးတယ်။
အဲဒီ ရဟန္တာ ပရိနိဗ္ဗာန် စံပြီးတဲ့အခါကျတော့ ရှင်ချင်တယ်ဆိုတဲ့ တဏှာ မရှိတော့တဲ့အတွက် နောက်ဘဝမှာ အသက်ရှင်မှုဆိုတဲ့ ရုပ်သစ်နာမ်သစ် ပြန်ဖြစ်ဦးမလား။
(မဖြစ်တော့ပါ ဘုရား။)

မဖြစ်တော့ ရုပ်ခန္ဓာ နာမ်ခန္ဓာမှာ ရှိတဲ့ သင်္ခါရဒုက္ခဆိုတဲ့ ဆင်းရဲကော ရှိသေးသလား။
(မရှိပါ ဘုရား။)

မရှိတော့ ဒီဆင်းရဲ အားလုံး ငြိမ်းမသွားဘူးလား။
(ငြိမ်းသွားပါတယ် ဘုရား။)

အဲဒါကို အနုပါဒိသေသနိဗ္ဗာန် လို့ ခေါ်တယ်။ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန် မရှိတော့ဘဲ လုံးဝ ငြိမ်းသွားတဲ့ နိဗ္ဗာန်ပဲ။
ဒီတော့ “ဒီနေရာမှာ ဘာမှ မရှိတာကိုများ နိဗ္ဗာန်ခေါ်ရသလား”လို့ ဆိုတော့ မဟုတ်ဘူး၊ ရှိတယ်။
ဘာရှိတာလည်းဆိုတော့ ဆင်းရဲငြိမ်းတဲ့ သဘာဝကြီး ရှိနေတယ်။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

ဆင်းရဲငြိမ်းတဲ့ သဘာဝ ရှိမနေဘူးလား။
(ရှိနေပါတယ် ဘုရား။)

ဒါဖြင့် ရှိတာလား၊ မရှိတာလား။
(ရှိတာပါ ဘုရား။)

ဘာရှိတာလဲ။
(ဆင်းရဲငြိမ်းတဲ့ သဘာဝ ရှိတာပါ ဘုရား။)
ဆိုကြပါစို့။ ဒီမှာ မီးတောက်နေတယ်။ မီးပုံကြီး မီးတောက်နေတဲ့အခါကျတော့ “ဟဲ့ ... မီးတွေ တောက်နေတယ်။ ငြိမ်းလိုက်စမ်း”လို့ ခိုင်းတော့၊ ငြိမ်းပစ်လိုက်တယ်။ ဘာရှိသေးသလဲ။
(ဘာမှ မရှိပါ ဘုရား။)

ရှိတယ်။
(ရယ်ကြသည်။)

မီးငြိမ်းတဲ့ သဘာဝ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)

မီးရှိတုန်းက မပူဘူးလား။
(ပူပါတယ် ဘုရား။)

အခု မီးငြိမ်းသွားတဲ့အခါကျတော့ ပူသေးလား။
(မပူတော့ပါ ဘုရား။)

အဲဒီတော့ အပူငြိမ်းတဲ့ သဘာဝ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)

အဲဒီအတိုင်းပဲ ရုပ်ဒုက္ခ နာမ်ဒုက္ခ သင်္ခါရဒုက္ခပါ မရှိတဲ့အခါကျတော့ အဲဒီ သင်္ခါရဒုက္ခ သင်္ခါရဆင်းရဲပါ ငြိမ်းနေတဲ့ သဘာဝကြီး ရှိနေတယ်။ အဲဒါကို နိဗ္ဗာန်ခေါ်တယ်။
ရဟန္တာ ပရိနိဗ္ဗာန် စံတဲ့အခါ ရုပ်နာမ်ခန္ဓာ အားလုံး အဖြစ်ရပ်သွားတာနဲ့ နောက်ထပ် ရုပ်နာမ်အသစ် မဖြစ်ပေါ်တော့ဘဲ အဲဒီ ဆင်းရဲငြိမ်းတဲ့ မူလ သဘာဝကြီးကို ဆိုက်ရောက်သွားတာပဲ။ အဲဒါ အနုပါဒိသေသနိဗ္ဗာန်ပဲ။ အဲဒါဟာ နိဗ္ဗာန်ချမ်းသာပါပဲ။ လောကီစည်းစိမ်ချမ်းသာလို ခံစားရတဲ့ ချမ်းသာတော့ မဟုတ်ဘူး။ ဆင်းရဲငြိမ်းနေလို့ ဆင်းရဲမရှိလို့ ချမ်းသာလို့ ခေါ်ရတဲ့ သန္တိသုခ = ငြိမ်းအေးချမ်းသာပဲ။ ခံစားရတဲ့ ချမ်းသာ မဟုတ်ဘူး။
ချမ်းသာ ခံစားရရင် မကြာခင် ဆင်းရဲက ပေါ်လာဦးမှာပဲ။ ပြီးတော့ ခံစားရတဲ့ ချမ်းသာ = ဝေဒယိတသုခဟာ ဖြစ်မှုပျက်မှု ရှိနေတော့ ချမ်းသာစစ် မဟုတ်ဘူး။ သင်္ခါရဒုက္ခပဲ။
ဒါကြောင့် ဆင်းရဲ လုံးဝ ငြိမ်းနေတဲ့ သန္တိသုခ = ငြိမ်းအေးခြင်း ချမ်းသာမှသာ ချမ်းသာစစ် ချမ်းသာမှန်ပဲ။
ဒီတော့ “ဒီလိုဆိုရင် ဘုရား၊ ဘာမှ မရှိတာကြီး လို့ တပည့်တော်တို့ မြင်နေပါတယ်။ မလိုချင်ပါဘူး”လို့များ စိတ်ထဲမှာ ဖြစ်မိရင် ဒီလို စဉ်းစားကြည့်ပါ။

လူတစ်ယောက် ကင်ဆာရောဂါ ဖြစ်နေတယ်။ အော်ဟစ် ညည်းညူနေရတယ်။ ဝေဒနာက သိပ် ပြင်းထန်နေတယ်။ ဆရာဝန်တွေလည်း ကုပါရဲ့။ ဓာတ်လည်း ကင်ပါရဲ့။ ဒါပေမယ့် ရောဂါဝေဒနာက ပြင်းထန်တော့ မသက်သာဘူး။ တအော်အော် တအင်အင်နဲ့ နေရတယ်။ နေ့လည်း အော်၊ ညလည်း အော်နဲ့။ အဲဒါ ဆင်းရဲလား၊ ချမ်းသာလား။
(ဆင်းရဲပါ ဘုရား။)

ဒီဆင်းရဲ ကြိုက်သလား၊ မကြိုက်ဘူးလား။
(မကြိုက်ပါ ဘုရား။)

မကြိုက်တာ သေချာလား။
(သေချာပါတယ် ဘုရား။)

ဒါဖြင့် အဲဒီ ဆင်းရဲငြိမ်းအောင် ဘယ်လို လုပ်မလဲ။ အခက်သားပဲ နော်။ ဘုန်းကြီး Newsweek မဂ္ဂဇင်းထဲမှာ တွေ့တယ်။ အနောက်နိုင်ငံများမှာတော့ ကင်ဆာရောဂါ ပျောက်တဲ့ နှုန်းဟာ အားရစရာ ကောင်းလောက်အောင် တိုးတက်လာပါပြီတဲ့။ အဲဒါ သုတေသနတွေရဲ့ ဆေးကောင်းဝါးကောင်းတွေကြောင့် တိုးတက်လာပါပြီတဲ့။ ဒါကြောင့် အခု ကင်ဆာရောဂါဟာ စောစောသိရင် ပျောက်နိုင်ပြီတဲ့။
ဒါပေမယ့် အခု ဒီလူမမာကတော့ ဝေဒနာ အင်မတန် ပြင်းထန်နေလို့မို့ အလွန့်ကို နာနေ ကိုက်နေတယ်။ ကိုင်း ညလည်း မအိပ်ရ၊ နေ့လည်း မအိပ်ရနဲ့ အအိပ်ကလည်း ပျက်။ နာတာ ကျင်တာကလည်း ပြင်းထန်နဲ့။ ဆင်းရဲလိုက်တာ လွန်ရော။ ငါ့နှယ် သေတာ ကောင်းပါရဲ့လို့ ခဏခဏ သေပစ်လိုက်ချင်စိတ် ပေါ်နေတယ်။
အဲဒီလို မစဉ်းစားမိပေဘူးလား။
(စဉ်းစားမိပါတယ် ဘုရား။)

စဉ်းစားမိတယ်။ ဒါပေမယ့် တကယ် သေပါဆိုရင် သူ သေဝံ့ပါ့မလား။
(မသေဝံ့ပါ ဘုရား။)

မသေဝံ့လို့ ဆေးတွေ ကုနေတာပေါ့။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)
ဒီတော့ ဆရာဝန်က ကဲလေ ဒီလောက်တောင်မှ ခံစားနေရတာ ဒီနေ့ညတော့ ချမ်းသာရစေမယ်ပေါ့ ဆိုပြီးတော့ ကုပေးလိုက်တယ်။ ဘယ်လို ကုပေးသလဲဆိုရင် အားကောင်းတဲ့ အိပ်ဆေး ထိုးပေးလိုက်တယ်။ အိပ်ဆေးထိုးပြီးလို့ နာရီဝက်လောက် ကြာတော့ အိပ်ပျော်သွားရော။
ည ၁၀ နာရီလောက်ကနေ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်လိုက်တာ နံနက် ၈ နာရီလောက်ကျမှ နိုးတယ်။ အဲဒီ အိပ်ပျော်နေတုန်းမှာ သူ ဆင်းရဲကို သိသလား။
(မသိပါ ဘုရား။)

မသိဘူး နော်။ အဲဒီ အိပ်ပျော်နေတဲ့ အချိန်မှာ သူ ခံစားနေရတဲ့ ဆင်းရဲ ငြိမ်းမနေပေဘူးလား။
(ငြိမ်းနေပါတယ် ဘုရား။)

ငြိမ်းနေတယ် နော်။ ဒါပေမယ့် ဘာတော့ ခံစားနေရသလဲ။
(ဘာမှ မခံစားရပါ ဘုရား။)

ဘာမှ မခံစားရဘူးလား။
(မခံစားရပါ ဘုရား။)

ကောင်းတာဆိုလို့ ဘာမှတော့ မခံစားရဘူး။ သို့သော် ဆင်းရဲကတော့ ငြိမ်းနေတယ်။ ဆင်းရဲငြိမ်းတဲ့ သဘာဝထဲတော့ ဆိုက်ရောက်မနေဘူးလား။
(ဆိုက်ရောက်နေပါတယ် ဘုရား။)

နံနက် ၈ နာရီမှာ နိုးလည်း လာရော၊ နိုးလာတာနဲ့ တပြိုင်နက်တည်း အနာက နာလာတာပဲ။ အမေရယ် အဘရယ်နဲ့ အော်နေရတယ်။ ပြန် ဆင်းရဲပြန်တာပဲ။
ကိုင်း စဉ်းစားကြည့်။ အဲဒီ ဆင်းရဲနေတဲ့ လူမမာ တောက်လျှောက်ကြီး သိလျက် ဆင်းရဲနေတာကို သူ ကြိုက်မလား။ ဒါမှ မဟုတ် ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းနေတာကို သူကြိုက်မလား။
(ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းနေတာကို သူကြိုက်ပါတယ် ဘုရား။)
အဲဒီလိုဆိုရင် ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းတဲ့ သဘောဟာ မလိုလားအပ်ဘူးလား။
(လိုလားအပ်ပါတယ် ဘုရား။)

အဲဒါ ဘုန်းကြီး ဥပမာ ပြောတာ။
ခုနက အနုပါဒိသေသနိဗ္ဗာန်ဆိုတာ အဲဒါမျိုးပဲ။ ခံစားမှု မရှိဘဲ ဆင်းရဲခပ်သိမ်း အပြီးသတ် ငြိမ်းနေတဲ့ သဘောပဲ။ ဆင်းရဲငြိမ်းတော့ ချမ်းသာရနေတာပေါ့။ ခံတော့ မခံစားရဘူး။ ဝေဒယိတသုခ = ခံစားရတဲ့ ချမ်းသာ မရှိဘူး။ သန္တိသုခ = ငြိမ်းချမ်းသာပဲ ရှိတယ်။
ဒီတော့ နောက်တစ်ခုက နိဗ္ဗာန်ဆိုတာ ဘယ်မှာ ရှိပါသလဲ။
ကောင်းကင်မှာ ရှိပါသလားတဲ့။
ကိုင်း ... ဘယ်မှာ ရှိတယ်လို့ ပြောရမလဲ။
ဆင်းရဲတာ ဘာရှိလို့ ဆင်းရဲနေသလဲ။
(ရုပ်နဲ့နာမ် ရှိလို့ ဆင်းရဲနေပါတယ် ဘုရား။)
ရုပ်နဲ့နာမ် ခန္ဓာကိုယ်နဲ့စိတ် ရှိလို့ ဆင်းရဲနေတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

အဲဒီတော့ ရုပ်နဲ့နာမ် ခန္ဓာကိုယ်နဲ့စိတ် နှစ်ခုရှိတဲ့အနက်က နာမ်ထဲက ဆင်းရဲကို ဖြစ်စေတဲ့ အဝိဇ္ဇာ တဏှာ အစရှိတဲ့ ကိလေသာတွေ ငြိမ်းသွားရင်ပဲ မချမ်းသာဘူးလား။
(ချမ်းသာပါတယ် ဘုရား။)

တဝက်မက ချမ်းသာသွားပြီ။ အများကြီး ချမ်းသာသွားပြီ။ ဆယ်ပုံပုံရင် ကိုးပုံ ချမ်းသာသွားပြီ။ တစ်ပုံပဲ ကျန်တော့တယ်။
ဒီတော့ အဲဒီ ကိလေသာငြိမ်းလို့မို့ ဆင်းရဲငြိမ်းတာဟာ ကောင်းကင်မှာ ရှိတာလား။ မြေကြီးထဲမှာ ရှိတာလား။ ဗြဟ္မာ့ဘုံမှာလား၊ နတ်ဘုံမှာလား။ ကိုင်း ဘယ်မှာ ရှိလဲ။
(ဘယ်မှာမှ မရှိပါ ဘုရား။)

အဲဒီ ကိလေသာငြိမ်းတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မရှိပေဘူးလား။
(ရှိပါတယ် ဘုရား။)

ဒါဖြင့် နိဗ္ဗာန် ဘယ်မှာလဲ။
(ခန္ဓာကိုယ်မှာပါ ဘုရား။)

ဟုတ်ကဲ့လား။
(ဟုတ်ပါတယ် ဘုရား။)

မြတ်စွာဘုရား လက်ထက်တော်အခါက တစ်ချိန်မှာ ရောဟိတဿနတ်သားက မြတ်စွာဘုရားကို ဒီလို လျှောက်ဖူးတယ်။
မြတ်စွာဘုရား၊ တပည့်တော်ဟာ ရှေးဘဝတစ်ခုမှာ အလွန်တန်ခိုးကြီးတဲ့ ရသေ့ဖြစ်ခဲ့ပါတယ်။ ကျွမ်းကျင်တဲ့ လေးသမား ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်း ထန်းပင်ရိပ်တစ်ခုကို ကျော်လွန်တဲ့အချိန်နှင့် တပည့်တော် စကြာဝဠာတစ်ခု ဖြတ်ကျော်တဲ့အချိန် ညီမျှသည်အထိ လျင်မြန်လှတဲ့ အဟုန် ရှိခဲ့ပါတယ်။ အဲဒီလောက် တပည့်တော် အသွား လျင်မြန်ခဲ့ပါတယ်။
အဲဒီလောက် အသွားလျင်မြန်လှတဲ့ တပည့်တော်ဟာ စကြာဝဠာအနန္တရှိတဲ့ လောကကြီးရဲ့ အဆုံးကို ရောက်ချင်တဲ့အတွက် ဆွမ်းခံချိန်၊ စားချိန်၊ သောက်ချိန်၊ အနည်းငယ်မျှဖြစ်တဲ့ အနားယူချိန်၊ တပိုတပါး သွားချိန်မှတပါး အချိန်ပြည့် နှစ်ပေါင်းတစ်ရာလုံးလုံး အဲဒီလောက် လျင်မြန်တဲ့ အဟုန်နဲ့ လောကကြီးရဲ့ အဆုံးကို သွားခဲ့ဖူးပါတယ်။ သို့သော်လည်း လောကကြီးရဲ့ အဆုံးကို မရောက်မီ လမ်းမှာပဲ သေဆုံးခဲ့ရပါတယ်။
အဲဒီလို လျှောက်ထားပါတယ်။
ဒီတော့ မြတ်စွာဘုရားက မအိုမနာ မသေရာဖြစ်တဲ့ လောကရဲ့ အဆုံးကို သွားခြင်းဖြင့် မရောက်နိုင်ကြောင်း မိန့်တော်မူပြီးတော့ ဒီလို မိန့်တော်မူပါတယ်။
“ဣမသိံ္မယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ”
ခု ရွတ်ပြခဲ့တဲ့ ရောဟိတဿသုတ်မှာ မြတ်စွာဘုရား မိန့်ကြားတော်မူတာက စိတ်ရှိတဲ့ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာပဲ လောကကို ငါဘုရား ဟောတော်မူတယ်တဲ့။
(ဒုက္ခသစ္စာကို ဆိုလိုပါတယ်။)
လောကဖြစ်ခြင်းရဲ့ အကြောင်းလည်း ဒီခန္ဓာကိုယ်မှာပဲတဲ့။
(သမုဒယသစ္စာ = တဏှာကို ဆိုလိုပါတယ်။)
ရုပ်နာမ်ဆိုတဲ့ လောကချုပ်ငြိမ်းတာလည်း ဒီခန္ဓာကိုယ်မှာပဲတဲ့။
(ဒါ ဆင်းရဲချုပ်ငြိမ်းခြင်း = နိရောဓသစ္စာကို မိန့်တော်မူတာပါ။)
အဲဒီ လောက ချုပ်ငြိမ်းအောင် ကျင့်တဲ့ အကျင့်လမ်းမှန်လည်း ဒီခန္ဓာကိုယ်မှာပဲ တဲ့။

(မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရားကို ဆိုလိုပါတယ်။)
ဒီတော့ ဆင်းရဲငြိမ်းခြင်းဆိုတဲ့ နိဗ္ဗာန် ဘယ်မှာ ရှိသလဲ။
(ခန္ဓာကိုယ်မှာ ရှိပါတယ် ဘုရား။)
အဲဒီတော့ နိဗ္ဗာန် ဘယ်မှာလဲ။
(ခန္ဓာကိုယ်မှာပါ ဘုရား။)
ကောင်းကင်မှာလား။
(မဟုတ်ပါ ဘုရား။)
မြေကြီးထဲမှာလား။
(မဟုတ်ပါ ဘုရား။)
သေချာရဲ့လား။
(သေချာပါတယ် ဘုရား။)
နားလည်ပြီနော်။
သို့သော်လည်း ပြောစရာက နည်းနည်း ကျန်နေပါသေးတယ်။
အခု ပြောခဲ့တဲ့ ရောဟိတဿသုတ်မှာ လောကဆိုတာ ရုပ်နဲ့နာမ်ပါပဲ။ အဲဒီ ရုပ်နဲ့နာမ်ဟာ ဒုက္ခသစ္စာတရားပါပဲ။ ဒီတော့ လောကဆိုတာ ဒုက္ခကိုပဲ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူတာ ဖြစ်ပါတယ်။ ဒီတော့ ဒီဒေသနာတော်အရ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဆိုတဲ့ သစ္စာလေးပါးဟာ ခန္ဓာကိုယ်မှာ ရှိတယ်လို့ နားလည်ရပါတယ်။

ဒုက္ခသစ္စာကတော့ သတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်မှာ ရှိပါတယ်။
သမုဒယသစ္စာကတော့ ဘုရား ရဟန္တာတို့ရဲ့ ခန္ဓာကိုယ်မှာ မရှိပါဘူး။ တခြား သတ္တဝါများရဲ့ ခန္ဓာကိုယ်မှာသာ ရှိပါတယ်။
မဂ္ဂသစ္စာကတော့ ဝိပဿနာရှုဆဲ ပုဂ္ဂိုလ်များရဲ့ ခန္ဓာမှာ ပုဗ္ဗဘာဂမဂ် ရှိပြီး အရိယာပုဂ္ဂိုလ်တို့ရဲ့ မဂ်ဖိုလ်အခိုက်မှာ အရိယမဂ် ရှိပါတယ်။
မြတ်စွာဘုရားကတော့ ယထာလာဘ = ရသင့်သလို ယူဖို့ရာ ပေါင်းပြီး ဟောတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
နိရောဓသစ္စာ = ဆင်းရဲငြိမ်းခြင်း အမှန်တရား = နိဗ္ဗာန်။ ဒီသစ္စာလည်း တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ ရှိတယ်လို့ ဟောတော်မူတော့ နိဗ္ဗာန်ရဲ့ တည်ရာဟာ ခန္ဓာကိုယ်ပဲလို့ ဆိုရာ ရောက်နေပါတယ်။
ဒါကြောင့် နိဗ္ဗာန်ဟာ တည်ရာ မရှိတဲ့တရား မဟုတ်၊ တည်ရာရှိတဲ့ တရားလို့ ယူဆစရာ ဖြစ်ပါတယ်။
တကယ်တော့ ဒီဒေသနာတော်ဟာ မုချဒေသနာတော် မဟုတ်ပါဘူး။
တင်စားပြီး ဟောတော်မူတဲ့ ဥပစာဒေသနာတော်သာ ဖြစ်ပါတယ်။
လောင်နေတဲ့ မီး ငြိမ်းသွားတဲ့အခါ “မီးဘယ်မှာ ငြိမ်းသလဲ”လို့ မေးရင် “ဟိုမျာ ငြိမ်းတယ်”လို့ မီးလောင်ပြီးရာ နေရာကို လက်ညှိုးထိုးပြ ရသော်လည်း တကယ်တော့ မီးငြိမ်းသွားမှုကို မြင်ရ တွေ့ရတာ မဟုတ်ပါဘူး။

မီးငြိမ်းသွားမှု၊ မီးမရှိဘဲ ဖြစ်နေမှုကို မမြင်ရ မတွေ့ရလို့ ဘယ်နေရာမှာ ငြိမ်းတယ်လို့ လက်ညှိုးထိုး ပြောလို့ မရပါဘူး။
မီးငြိမ်းတယ်ဆိုတာ မကြာမီကလေးက ရှိနေတဲ့ မီး၊ အခု မရှိဘဲ ဖြစ်သွားတာကိုပဲ ငြိမ်းတယ်လို့ ပြောကြရတာဖြစ်တော့ မီးငြိမ်းတာကို ပြောချင်ရင် မကြာမီက မီးရှိခဲ့တဲ့ နေရာကိုပဲ မီးငြိမ်းတဲ့ နေရာလို့ တင်စား ပြောကြရပါတယ်။
အဲဒီအတိုင်းပဲ ရုပ်နာမ်ခန္ဓာ ရှိနေသမျှတော့ ဆင်းရဲ မငြိမ်းနိုင်ဘူး။
ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်းပြီး နောက်ထပ် မဖြစ်ပေါ်တော့မှဘဲ ဆင်းရဲ လုံးဝ ငြိမ်းသွားတယ်။

ဆင်းရဲငြိမ်းမှုဟာ ဆင်းရဲအမှန်ဖြစ်တဲ့ ရုပ်နာမ်ခန္ဓာနဲ့ ဆက်စပ်နေတယ်။
ဒါကြောင့် ဆင်းရဲငြိမ်းခြင်းဆိုတဲ့ နိဗ္ဗာန်ကို ဆင်းရဲမငြိမ်းမီက ရှိနေတဲ့ ရုပ်နာမ်ခန္ဓာမှာ ရှိတယ်လို့ တင်စားပြီး မြတ်စွာဘုရား ဟောတော်မူတာ ဖြစ်ပါတယ်။
နောက်ပြီးတော့ နိဗ္ဗာန်နှင့် ပတ်သက်လို့ “ရွှေပြည်နိဗ္ဗာန် ဝင်စံတော်မူသည်”လို့ သုံးနှုန်းတဲ့ အရာမှာလည်း တင်စားမှုပါပဲ။
နိဗ္ဗာန်ဟာ တည်နေရာ တိုင်းကြီး ပြည်ကြီး မဟုတ်ပါဘူး။ ရွှေပြည်တော်ကြီးဟာ ရောက်ချင် နေချင်စရာ သာယာစည်ကားသလို နိဗ္ဗာန = အငြိမ်းဓာတ်ကြီးဟာလည်း ဆင်းရဲ လုံးဝ မရှိလို့ ရချင် ရောက်ချင်စရာ မျက်မှောက်ပြုချင်စရာ ကောင်းလှကြောင်း အတူပြုပြီး တင်စား သုံးနှုန်းတာပါပဲ။ သဒိသူပစာ လို့ ခေါ်ပါတယ်။
သို့သော် ဒီနေရာမှာ တစ်ခုတော့ သတိပြုရလိမ့်မယ်။
မဟာယာနဗုဒ္ဓဘာသာရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ သုခဝတီဗျူဟာဂိုဏ်းကတော့ အနောက်ဘက် ကောင်းကင်မှာ အလွန်သာယာလှတဲ့ နိဗ္ဗာန်ရွှေပြည်ကြီး ရှိတယ်လို့ ယူဆပါတယ်။
သုခဝတီနိဗ္ဗာန်လို့ ခေါ်ပါတယ်။
အဲဒီ နိဗ္ဗာန်မှာ ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့ ရှေးရှေး ရှင်တော်မြတ်ဘုရားများ ချမ်းသာစွာ စံတော်မူလျက်ရှိကြောင်း ယူဆပါတယ်။
အဲဒါ ဘုန်းကြီးတို့ ထေရဝါဒဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်ပါဘူး။
နောက်တစ်ခုက လွန်ခဲ့တဲ့ ၂၅-နှစ်လောက်က အငြိမ်းစား တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ယောက်က ဘုန်းကြီးကို မေးဖူးတာ ရှိပါတယ်။

သူက ရှေးဆရာတော်ကြီးများ ပြုစုတော်မူကြတဲ့ ကျမ်းဂန်တွေမှာ သင်္ခတဓာတ်မှ အသင်္ခတဓာတ်သို့ ရောက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖတ်ရ မှတ်ရပါတယ်။
နိဗ္ဗာန်ဟာ အသင်္ခတဓာတ်ဆိုတော့ ပထဝီစတဲ့ ဓာတ်ကြီးများလို ရုပ်ဓာတ်ပါလား။ ဒါမှမဟုတ် ဝိညာဏဓာတ်လို နာမ်ဓာတ်ပါလားလို့ မေးပါတယ်။
မေးလည်း မေးစရာပါပဲ။
နိဗ္ဗာန်ဟာ ရုပ်ဓာတ်လည်း မဟုတ်။ စိတ် စေတသိက်လို နာမ်ဓာတ်လည်း မဟုတ်ပါဘူး။
(ဤနေရာ၌ ‘နာမ်ဓာတ်လည်း မဟုတ်ဘူး’ဆိုသည်မှာ ‘စိတ်, စေတသိက်တို့ကဲ့သို့ အာရုံသို့ ညွတ်တတ်သော နာမ်မဟုတ်’ဟု ဆိုလိုပါသည်။ ‘မိမိသို့ အာရမ္မဏိကတရားတို့ကို ညွတ်စေတတ်သောကြောင့် နာမ်မည်၏’ဟူသော ဝစနတ္ထအရမူ နိဗ္ဗာန်ကို နာမ်တရား၌ သွင်းယူရပါသည်။)
ဓာတု = ဓာတ် ဆိုတာ သဘာဝတရားကို ဆိုလိုပါတယ်။
ဒါကြောင့် အသင်္ခတဓာတ်ဆိုတာ အသင်္ခတ သဘာဝ = အကြောင်းကြောင့် ဖြစ်တာ မဟုတ်ဘဲ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝတရားလို့ ဆိုလိုတာပါပဲ။
ကဲ ... ဒါလောက်ဆိုရင် နိဗ္ဗာန်မေးခွန်းရဲ့ အဖြေ တော်သင့်လောက်ပါပြီ။

“ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “တက္ကသိုလ်ဓမ္မသဘင်” မှ

Read More »

ဒါဖြင့်ရင် မဂ္ဂရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရား မဟုတ်ဘူးလား။
မဂ္ဂင်ရှစ်ပါး ကျင့်ကြံပွားများမှ ဆင်းရဲငြိမ်းတာဆိုတော့ မဂ္ဂင်ရှစ်ပါးဟာ ဆင်းရဲငြိမ်းခြင်း ဆိုတဲ့ နိဗ္ဗာန်ရဲ့ အကြောင်းတရားပေါ့လို့ စောဒကတက်စရာ ရှိပါတယ်။



အဖြေကတော့ မဂ္ဂင်ရှစ်ပါး ပွားများမှ ဆင်းရဲငြိမ်းတာ မှန်ပါတယ်။
ဒါကြောင့် မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရားဆိုတာလည်း မှန်ပါတယ်။ သို့သော်လည်း မဂ္ဂင်ရှစ်ပါး ပွားခြင်းက ဆင်းရဲငြိမ်းခြင်းကို ဖြစ်စေတာ မဟုတ်ပါဘူး။

မဂ္ဂင်ရှစ်ပါး ပွားခြင်းကြောင့် ဆင်းရဲငြိမ်းတဲ့ ဆင်းရဲမရှိတဲ့ သဘာဝကို ဆိုက်ရောက်သွားခြင်းသာ ဖြစ်ပါတယ်။
မီးရထားစီးသွားလို့ မူလကတည်းက ရှိနေတဲ့ မန္တလေးမြို့ကြီးကို ရောက်သွားသလိုပါပဲ။
ဝိသုဒ္ဓိမဂ် (ဒု၊ ၁၄၀)မှာ “ပတ္တဗ္ဗမေဝ ဟေတံ မဂ္ဂေန၊ န ဥပ္ပါဒေတဗ္ဗံ = ဤ နိဗ္ဗာန်ကို မဂ်သည် ရောက်အပ်သည်သာလျှင် ဖြစ်၏။ ဖြစ်စေအပ်သည်ကား မဟုတ်ပေ။”လို့ မိန့်ဆိုထားပါတယ်။
ပိုရှင်းအောင် ပြောရရင် မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ကို ဖြစ်စေတဲ့ အကြောင်း (=ဇနကဟိတ်) မဟုတ်။
နိဗ္ဗာန်ကို ရောက်စေတဲ့ အကြောင်း (=သမ္ပာပကဟိတ်)သာ ဖြစ်ပါတယ်။
ဒါကြောင့် နိဗ္ဗာန်ကို ဖြစ်စေတဲ့အကြောင်း မရှိလို့ နိဗ္ဗာန်ဟာ အဖြစ်တရား (သင်္ခတ) မဟုတ်။
အရှိတရား (အသင်္ခတ)သာ ဖြစ်ပါတယ်။

ဖြစ်တဲ့တရား မဟုတ်လို့ ပျက်လည်း မပျက်ပါဘူး။
ဒါကြောင့် ဓုဝံ = အမြဲ ရှိနေတဲ့ ဆင်းရဲငြိမ်းခြင်း သဘာဝကြီးပါ။
ဆင်းရဲ မရှိဘဲ ဆင်းရဲငြိမ်းနေတဲ့ သဘာဝကြီးဟာ အရှိတရား ဖြစ်သော်လည်းပဲ အဲဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝကို ရဖို့ ဆိုက်ရောက်ဖို့ကတော့ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ် ခန္ဓာ ဆင်းရဲ ငြိမ်းမှပဲ ရနိုင် ဆိုက်ရောက်နိုင်ပါတယ်။

အဲဒီ ရုပ်နာမ်ခန္ဓာ ဆင်းရဲငြိမ်းအောင် ဘယ်လိုလုပ်ရမလဲ။
အဲဒီ ဆင်းရဲရဲ့အကြောင်းကို ပယ်သတ်ရပါမယ်။
မီးခိုးကို မမြင် မတွေ့ချင်ရင် မီးခိုးရဲ့အကြောင်းဖြစ်တဲ့ မီးကို ငြိမ်းသတ်ရပါမယ်။

အဲဒီအတိုင်းပဲ ရုပ်နာမ်ခန္ဓာ ဆင်းရဲကို မလိုချင်ရင် အဲဒီ ဆင်းရဲရဲ့အကြောင်းကို ပယ်သတ်ရမှာပဲ။
ဒီ ရုပ်နာမ်ခန္ဓာ ဆင်းရဲရဲ့ အကြောင်းက လိုချင် တပ်မက် နှစ်သက် တွယ်တာမှု တဏှာလောဘပဲလို့ မြတ်စွာဘုရား မိန့်ကြားခဲ့ပါတယ်။
မှန်ပါတယ်။ တစုံတရာကို လိုချင်ရင် ဆင်းရဲတော့တာပဲ။ ငွေလိုချင်ရင် ငွေလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။ ကားလိုချင်ရင် ကားလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။ အဝတ်အစား တစုံတခုကို တပ်မက်ရင်လည်း အဲဒီ တပ်မက်စိတ်ကြောင့် ဆင်းရဲတယ်။ သူဌေးသူကြွယ်စတဲ့ ဘဝကောင်း ဘဝမွန်တွေကို လိုချင်ရင်လည်း အဲဒီလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။

အဲဒီ ဆင်းရဲမှန်သမျှ ရုပ်ဆင်းရဲ နာမ်ဆင်းရဲချည်းပဲ။
ဒါကြောင့် ရုပ်နာမ်ခန္ဓာဆင်းရဲ ငြိမ်းချင်ရင် အကြောင်းဖြစ်တဲ့ လိုချင် တပ်မက် နှစ်သက် တွယ်တာမှု တဏှာလောဘကို ပယ်သတ်မှပဲ ဆင်းရဲငြိမ်းနိုင်မယ်။
ဆက်ပြောပါဦးမယ်။

ရုပ်အသစ် နာမ်အသစ်နဲ့ ဘဝသစ်တစ်ခု ဖြစ်တယ်ဆိုတာလည်း ဘဝဖြစ်ချင်တဲ့ တဏှာလောဘကြောင့် ဖြစ်တာပဲ။
ဘဝတစ်ခု ဖြစ်လာပြီဆိုလို့ရှိရင် ရုပ်အသစ် နာမ်အသစ် ဖြစ်လာတယ်။

ရုပ်နဲ့နာမ်ဖြစ်လာရင် ဆင်းရဲများသလား ချမ်းသာများသလား။
(ဆင်းရဲများပါတယ် ဘုရား။)

ဆင်းရဲများတယ်။ သို့သော် သင်္ခါရဒုက္ခဆိုတဲ့ ဖြစ်ပျက်ဆင်းရဲအနေနဲ့ ဆိုရင်တော့ ဆင်းရဲချည်းပဲ။ ဟုတ်ကဲ့လား။
(ဟုတ်ပါတယ် ဘုရား။)

ကျန်တဲ့ ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ ဆိုတာတွေနဲ့ တွက်လို့ရှိရင်တော့ ဆင်းရဲများတယ်။ ချမ်းသာနည်းတယ်။ သေချာသလား။
(သေချာပါတယ် ဘုရား။)

ဒီတော့ ဆင်းရဲများပြီးတော့ ချမ်းသာနည်းပါလျက်နဲ့ သတ္တဝါဟာ ဘဝတစ်ခု ဖြစ်ပြီးတော့ အသက်ရှင်ချင်မနေဘူးလား။
(ရှင်ချင်နေပါတယ် ဘုရား။)

ကဲ မေးရဦးမယ်။ ဒီပရိသတ်ထဲ ဘယ်သူ သေချင်သလဲ။
(ဘယ်သူမှ မသေချင်ပါ ဘုရား။)

သေချင်သလား၊ ရှင်ချင်သလား။
(ရှင်ချင်ပါတယ် ဘုရား။)

ရှင်ချင်တယ်ဆိုတာ ရုပ်နဲ့နာမ် နှစ်ခုတွဲပြီးတော့ အဆက်မပြတ် ဖြစ်ပျက် ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်နေတာ ပြောတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

အဲဒီတော့ ရှင်ချင်တယ်ဆိုတာ ရုပ်နာမ်နှစ်ခု ဆက်ပြီးတော့ ဖြစ်ပျက်နေတာကို ဆိုလိုတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

အဲဒီတော့ ဒီဘဝမှာ သေသွားတာကို ဘယ်သူ လိုချင်မလဲ။
(ဘယ်သူမှ မလိုချင်ပါ ဘုရား။)

ဒီတော့ အချို့က ပြောကောင်း ပြောမယ်။
“အမယ်လေး ... ဆရာတော်၊ မကြာခင်က ၁၀-တန်း စာမေးပွဲကျကြတုန်းကလေ သေချင်တဲ့လူတွေ အများကြီး ဘုရား။ တပည့်တော်တို့ တားထားရတယ်” လို့။
ဒီတော့ တစုံတခုသော အဆင်မပြေမှုကြောင့် သေချင်တယ်ဆိုတဲ့ အဲဒီလူတွေ တကယ် သေချင်သလားဆိုတော့ အဲဒီဆင်းရဲနဲ့ တွေ့တဲ့ ကြုံတဲ့ အခိုက်မှာတော့ သေချင်ပါလိမ့်မယ်။

ဒါပေမယ့် ‘ဒီလိုဆိုရင် ကြိုးဆွဲချ သေမယ်’ဆိုပြီး ကြိုးကွင်းစွပ်လိုက်တဲ့အခါကျတော
့ ဘယ့်နှယ် ... သူ သေချင်စိတ် ရှိပါဦးမလား။
(မရှိပါ ဘုရား။)

ဆန့်ငင် ဆန့်ငင် ဖြစ်နေတာ သေချင်လို့လား၊ မသေချင်လို့လား။
(မသေချင်လို့ပါ ဘုရား။)

အဲဒီတော့ ရှင်ချင်လို့ မဟုတ်ပေဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

အဲဒီ ရှင်ချင်စိတ်ကြောင့် နောက်ဘဝအသစ် ရုပ်အသစ် နာမ်အသစ် ဆိုတဲ့ ရှင်မှု ဖြစ်ရတာ။
စားချင်စိတ်ကြောင့် စားရတယ်။
ဝတ်ချင်စိတ်ကြောင့် ဝတ်ရတယ်၊ ဟုတ်တယ် မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

အသက်ရှင်ချင်စိတ်ကြောင့် ရှင်ရတယ်ဆိုတာ အဲဒါကိုပဲ စကားလုံးထွားထွားနဲ့ ပြောရရင် “ဘဝတဏှာကြောင့် ဘဝတစ်ခု ဖြစ်ရတယ်”လို့ ပြောရတယ်။
ရှင်ချင်စိတ်ကြောင့် ဘဝဖြစ်တယ်။
ဒီတော့ အဲဒီရှင်ချင်စိတ်ဟာ သမုဒယသစ္စာ။ ဟိုဘက်မှာ ဘဝအသစ် ရုပ်အသစ် နာမ်အသစ် ဖြစ်ပြီးတော့ ဆင်းရဲတွေ တွေ့နေတာဟာ ဘာတွေလဲ။
(ဒုက္ခသစ္စာပါ ဘုရား။)

ဒုက္ခသစ္စာ။ အဲဒီတော့ သမုဒယသစ္စာကြောင့် ဒုက္ခဖြစ်တယ်။
ဒီတော့ ဆင်းရဲရဲ့ အကြောင်းတရားဟာ ဘာလဲ။
(သမုဒယသစ္စာ တဏှာလောဘပါ ဘုရား။)

လိုချင်မှု၊ နှစ်သက်မှု၊ ချစ်ခင်မှု၊ တွယ်တာမှု၊ ဒါပဲ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

ဒီတော့ လိုချင် တပ်မက် နှစ်သက် တွယ်တာခြင်းရဲ့ အကြောင်းတရားက ဘာလဲဆိုတော့ ဒါတွေကို ဆင်းရဲလို့ အမှန်အတိုင်း မသိတဲ့ အဝိဇ္ဇာပဲ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

“အဲဒီ ရုပ်တရား နာမ်တရားတွေ ဖြစ်နေတာဟာ ဆင်းရဲပဲ”လို့ အမှန်အတိုင်း မသိတာ။ အဲဒါကို ‘အဝိဇ္ဇာ’လို့လည်း ခေါ်တယ်။ ‘မောဟ’လို့လည်း ခေါ်တယ်။
သူ့ကြောင့်ပဲ လိုချင် တပ်မက် နှစ်သက်တဲ့ တဏှာတွေ ဖြစ်တယ်။
ဒီတဏှာတွေနဲ့ လိုချင်တဲ့အခါကျတော့ အဲဒီ ဘဝအသစ်တွေ ဖြစ်လို့ ဆင်းရဲတယ်။

တစ်ခါ အဲဒီ ဘဝမှာလည်းပဲ ကားလိုချင်လို့ ကားဝယ်ဖို့ ငွေရှာရ၊ ကားရှာရနဲ့ ဆင်းရဲတွေ ဖြစ်ရတယ်။
စာမေးပွဲအောင်ချင်လို့ အမျိုးမျိုး ကြိုးစားရတဲ့ ဆင်းရဲတွေ ဖြစ်တယ်။
“ဒီလိုဆို မအောင်ချင်ရဘူးလား ဘုရား”လို့ မေးရင် ...
(အောင်ချင်ပါတယ် ဘုရား။)

အောင်ချင်ရမှာပေါ့။ လောဘကို ပယ်မှ မပယ်နိုင်သေးတော့ လူ့ဘဝ အဆင်ပြေအောင်တော့ ဒီလောဘ ရှိသလောက် ရှိမှာပဲ။
ဒီတော့ လိုချင် တပ်မက် နှစ်သက်တွယ်တာမှု = တဏှာ = သမုဒယသစ္စာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းပဲ။
သူ့ကြောင့် ဖြစ်ပေါ်တဲ့ ဆင်းရဲမှန်သမျှ ရုပ်ဒုက္ခ နာမ်ဒုက္ခ အပါအဝင် လောကမှာ တွေ့ရတဲ့ ဒုက္ခမှန်သမျှဟာ ဒုက္ခသစ္စာ = ဆင်းရဲအမှန်တွေပဲ။
ဒါဖြင့်ရင် အဲဒီဆင်းရဲတွေ ဘယ်အခါ ငြိမ်းမလဲ။
အဲဒီ လိုချင် တပ်မက်တဲ့ တဏှာ မရှိတဲ့အခါမှာ ဆင်းရဲငြိမ်းမယ်။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

မသေချာဘူးလား။
(သေချာပါတယ် ဘုရား။)

သေချာတယ်နော်။ တဏှာတစ်ခု မရှိရင် အဲဒီ တဏှာကြောင့် ဖြစ်မယ့် ဆင်းရဲတစ်ခု ငြိမ်းတာပဲ။
ကိုင်း ... မေးမယ်။
ဟောဒီ ပရိသတ်မှာ ကျောင်းရှိသလား။ ကျောင်းဆိုတာ ဘုန်းကြီးကျောင်းပြောတာ။ ကိုယ်ပိုင်ဘုန်းကြီးကျောင်း ရှိသလား။
(မရှိပါ ဘုရား။)

အပိုင်း (၃) တွင်ဆက်လက်ဖတ်ရှုပါရန်

Read More »


မေး။ ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)

ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။
အဘာဝပညတ် လို့ ခေါ်ပါတယ်။

နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ဟာ အမှန် ရှိပါတယ်။ သို့သော် ဘယ်မှာမှ မရှိပါဘူး။ နားထွေးသွားပါသလား။
ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။ ဒီ သဘာဝကြီးဟာ အကြောင်း တစုံတရာကြောင့် ဖြစ်ပေါ်လာတဲ့ (သင်္ခတ)သဘာဝ မဟုတ်ပါဘူး။
မူလကတည်းက သဘာဝအလျောက် ရှိနေတဲ့ အရှိ(အသင်္ခတ) သဘာဝကြီးပါ။

ဒီနေရာမှာ သင်္ခတနဲ့ အသင်္ခတရဲ့ အဓိပ္ပာယ်ကို သဘောမပေါက်သေးသူများအတွက် အနည်းအကျဉ်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။
‘သင်္ခတ’ဆိုတာ “အကြောင်းတို့ စုပေါင်း ပြုလုပ်ပေးလို့ ဖြစ်ပေါ်လာတဲ့ တရား” လို့ ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့် ဖြစ်တဲ့ တရားဟာ သင်္ခတတရား”ပါပဲ။

ရုပ်နဲ့နာမ်ကို သက်ဆိုင်ရာအကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာမို့ ‘သင်္ခတတရား’လို့ ခေါ်ရပါတယ်။
မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားများဖြစ်လို့ “သင်္ခတပရမတ်”တရားများလို့ ခေါ်ရပါတယ်။
သို့သော်လည်း အကြောင်းကြောင့်ဖြစ်တဲ့ ‘အဖြစ်တရား’များမို့ သူတို့ဟာ ပျက်ပါတယ်။

ဘာကြောင့် ပျက်သလဲဆိုတာ့ ဖြစ်လို့ ပျက်တာပါပဲ။
ဒါကြောင့် ‘သင်္ခတနယ်’ ဟာ ဖြစ်ပျက်နယ်ပါ။
ဖြစ်ပျက်နယ်ထဲမှာ ရှိလို့ သင်္ခတဖြစ်တဲ့ ရုပ်နာမ်မှန်သမျှဟာ ဖြစ်ပျက်ဆင်းရဲ သင်္ခါရဒုက္ခချည်းပါပဲ။
‘အသင်္ခတ’ ဆိုတာကတော့ သင်္ခတရဲ့ ပြောင်းပြန် သဘာဝပါ။
“အကြောင်းတို့ စုပေါင်း မပြုလုပ်အပ်တဲ့ သဘာဝ”လို့ ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့်ဖြစ်တဲ့ အဖြစ်တရား မဟုတ်ဘူး”လို့ ဆိုလိုပါတယ်။

အဖြစ်တရားမဟုတ်တဲ့ ဒီ အသင်္ခတ သဘာဝဟာ မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားဖြစ်လို့ မူလ သဘာဝ အနေနဲ့ ရှိနေတဲ့ “အရှိပရမတ်”တရားပါ။ “အသင်္ခတပရမတ်”ပေါ့။
အဲဒီ အရှိတရားဟာ ဘာလဲဆိုတော့ သူဟာ သင်္ခတရဲ့ ပြောင်းပြန်သဘောဖြစ်လို့ သင်္ခတ ခေါ်တဲ့ ရုပ်နာမ်ငြိမ်းနေခြင်း၊ ရုပ်နာမ် မရှိခြင်း သဘောပါပဲ။

ရုပ်နဲ့နာမ် ရှိနေသမျှ ဆင်းရဲနေတယ်။
ရုပ်နာမ်ငြိမ်းသွားတော့ ဆင်းရဲ မရှိတော့ဘူး။
အဲဒီ ဆင်းရဲငြိမ်းနေတာဟာ တကယ်ရှိတဲ့ အရှိသဘာဝပါပဲ။
ဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ရပါတယ်။
အဲဒါဟာ အသင်္ခတတရားပါပဲ။

ဒီ ဆင်းရဲငြိမ်းနေတဲ့ ဆင်းရဲကင်းနေတဲ့ သဘာဝဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝမို့ သူဟာ အကြောင်းကြောင့် ဖြစ်တာ မဟုတ်လို့ သူ့ကို အသင်္ခတလို့ ခေါ်ရပါတယ်။
အဖြစ်တရား မဟုတ်၊ အရှိတရားလို့ ဆိုလိုပါတယ်။
အရှိတရားဖြစ်လို့ မဖြစ်တဲ့အတွက် ပျက်လည်း မပျက်ပါဘူး။
ဒါကြောင့် အသင်္ခတနယ်လို့ ခေါ်တဲ့ နိဗ္ဗာန်ဟာ ဖြစ်ပျက်နယ်ကို လွန်မြောက်နေပြီဖြစ်လို့ ဆင်းရဲမရှိဘဲ ဆင်းရဲငြိမ်းနေပါတယ်။
ဒီတော့ အကျဉ်းချုပ်လိုက်ရင် သင်္ခါရလို့လည်း ခေါ်တဲ့ သင်္ခတအဖြစ်တရားများဟာ ဖြစ်ပျက် မကင်းလို့ ဆင်းရဲတယ်။
အသင်္ခတ ခေါ်တဲ့ အရှိတရားဟာ ဖြစ်ခြင်းပျက်ခြင်း မရှိလို့ ဆင်းရဲငြိမ်းတယ်။ ဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ပါတယ်။
ဒါကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော် (စာ-၁၅) မှာလည်း -
“ဥပ္ပါဒေါ - အဖြစ်တရားသည်၊
သင်္ခါရာ - ရုပ်နာမ်သင်္ခါရတို့ပေတည်း။
အနုပ္ပါဒေါ - မဖြစ်တရား (အရှိတရား)သည်၊
နိဗ္ဗာနံ - နိဗ္ဗာန်ပေတည်း။” လို့ အဖြစ်တရားနဲ့ အရှိတရားကို ခွဲခြား မိန့်တော်မူခဲ့တာပါပဲ။

ဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝ အရှိပရမတ်တရားဟာ တည်ရာ ဌာန မရှိလို့ ဘယ်နေရာမှာ ရှိတယ်လို့ ပြောမရသလို အဖြစ်တရား မဟုတ်လို့ ဘယ်အချိန် ဘယ်ကာလက ဖြစ်တယ်လို့လည်း ပြောလို့ မရပါဘူး။
ဒါကြောင့် အပတိဋ္ဌ = တည်ရာဌာန မရှိတဲ့ တရား၊ ကာလဝိမုတ္တ = အတိတ် အနာဂတ် ပစ္စုပ္ပန်ဆိုတဲ့ အချိန်ကာလမှ လွတ်တဲ့ တရားပါ။ ( Nibbanna is beyond time and space. )
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စတဲ့ တရားတွေဟာ သတ္တဝါကို ပူလောင်စေတဲ့ တရား၊ ဆင်းရဲစေတဲ့ တရားတွေပါ။ ဒါကြောင့် သူတို့ကို ကိလေသာလို့ ခေါ်ပါတယ်။
ဒီ ကိလေသာတွေ ရှိနေသမျှ ဆင်းရဲနေတာပါပဲ။

ဒီ ကိလေသာတွေ မရှိရင် ဆင်းရဲငြိမ်းပြီး ချမ်းသာတော့တာပါပဲ။
ဒါကြောင့် ကိလေသာငြိမ်းခြင်းဟာ ဆင်းရဲငြိမ်းခြင်း = နိဗ္ဗာန်ပါပဲ။
ကိလေသာငြိမ်းသော်လည်း ရုပ်နဲ့နာမ်တချို့က ရှိနေသေးတော့ ဖြစ်ပျက်ဆင်းရဲ = သင်္ခါရဒုက္ခ ကျန်နေပါသေးတယ်။
အဲဒီ ရုပ်နာမ်သင်္ခါရတွေ အဖြစ်ရပ်ပြီး နောက်ထပ် မဖြစ်တော့ဘဲ သင်္ခါရဒုက္ခပါ အပြီးသတ် ငြိမ်းမှပဲ သန္တိသုခ ခေါ်တဲ့ တကယ် အငြိမ်းသဘာဝ နိဗ္ဗာန်ကြီးကို တွေ့ရပါတယ်။
လောကမှာ မီးမရှိဘဲ အေးနေတဲ့ သဘာဝဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝပါ။
သို့သော်လည်း မီးရှိနေတဲ့အခါမှာတော့ မီးမရှိဘဲ အေးနေတဲ့ သဘာဝကို မတွေ့နိုင် မသိနိုင်ပါဘူး။

မီးငြိမ်းသွားတဲ့အခါကျတော့မှပဲ မူလကတည်းက ရှိနေတဲ့ ဒီအေးတဲ့ သဘာဝကို သေသေချာချာ တွေ့ရသိရပါတယ်။
အဲဒီအတိုင်းပဲ ဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝ၊ ဆင်းရဲမရှိတဲ့ သဘာဝကြီးဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝကြီးပါ။
ရုပ်နာမ်သင်္ခါရ အဖြစ်ရပ်သွားမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
တစ်ဘက်က ဆင်းရဲရှိနေသလို တခြားတစ်ဘက်ကလည်း ဆင်းရဲငြိမ်းတဲ့ ဆင်းရဲမရှိတဲ့ သဘာဝဟာ ရှိနေပါတယ်။
သို့သော်လည်း ရုပ်နာမ်သင်္ခါရတွေ ဖြစ်နေခိုက်မှာတော့ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ သင်္ခါရဆင်းရဲတွေက ဖုံးကွယ်ထားလို့ ဆင်းရဲမရှိတဲ့ သဘာဝကြီးကို မဆိုက်ရောက်နိုင် မသိနိုင်ဘဲ ဖြစ်နေတာပါ။
ရန်ကုန်ကနေ မန္တလေးအမြန်ရထား စီးသွားတော့ လမ်းဆုံးရင် မန္တလေးမြို့ကြီးကို ရောက်တယ်။
ဒီတော့ ရထားဆိုက်မှပဲ မန္တလေးမြို့ကြီး ဖြစ်ပေါ်လာသလားဆိုတော့ မဟုတ်ပါဘူး။ အများသိတဲ့အတိုင်းပဲ မန္တလေးမြို့ကြီးက အရင်ကတည်းက ရှိနေတာမဟုတ်လား။

(ဟုတ်ပါတယ် ဘုရား)
အဲဒီအတိုင်းပဲ ဆင်းရဲမရှိတဲ့ သဘာဝကြီးဟာလည်း အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဖြစ်တရား (သင်္ခတ) မဟုတ်။ မူလကတည်းက ရှိနေတဲ့ အရှိတရား (အသင်္ခတ)ပဲ။ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကို လမ်းဆုံးအောင် စီးသွားနိုင်တဲ့ လူကတော့ လမ်းဆုံးရင် အသင်္ခတ သဘာဝ အငြိမ်းဓာတ်ကို ဆိုက်ရောက်သွားမှာပဲ။
တကယ်လို့သာ နိဗ္ဗာန်ဟာ အကြောင်းတစုံတရာကြောင့် ဖြစ်တဲ့ သဘာဝဆိုရင် ပျက်ရတာ ဓမ္မတာဖြစ်လို့ နိဗ္ဗာန်ကိုလည်း ပျက်တယ်လို့ ဆိုရာ ရောက်ပေလိမ့်မယ်။

ဒီလိုဆိုရင် နိဗ္ဗာန်ဟာ ဖြစ်တတ်ပျက်တတ်လို့ ဆင်းရဲပင် ဖြစ်နေတဲ့အတွက် ဆင်းရဲငြိမ်းတဲ့ ချမ်းသာလို့ မဆိုနိုင်ပြန်ဘူး။
တကယ်တော့ နိဗ္ဗာန်ဟာ အရှိသဘာဝဖြစ်လို့ ဖြစ်လည်း မဖြစ်၊ ပျက်လည်း မပျက်ဘူး။

အဲဒီလို မဖြစ်မပျက်လို့ဘဲ ဆင်းရဲငြိမ်းတဲ့ သဘာဝအနေနဲ့ အမြဲ တည်ရှိနေတာပါပဲ။
ဒါကြောင့် “ဓုဝံ = အမြဲရှိနေတဲ့ သဘော”လို့ ဆိုရပါတယ်။ ပြီးတော့ မဖြစ်တဲ့ သဘာဝမို့ သူ့ကို ဖြစ်ပေါ်အောင် လုပ်ပေးတဲ့ အကြောင်းတရားလည်း မရှိဘူး။

အပိုင်း (၂) တွင်ဆက်လက်ဖတ်ရှုပါရန်
Read More »


လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင်သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။


ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို
“ ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား ” လို့မေးပါတယ်။
“ မလျှောက်ခဲ့ဘူးဗျ ”
“ ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့
လူငယ်ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ ”
“ ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ ”
“ အမေက ခ၀ါသည်ပါ ”

လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။
“ ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား ”
“ ဟင့်အင်း... ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး..ဘာဖြစ်လို
့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ... ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက်ပိုမြန်တယ်လေ ”
“ သြော်... ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်... ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား... ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ ”
ို
လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့လာပါတယ်။ မိခင်ရဲ့လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ် ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့ အ၀တ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ပါတယ်။

အဲဒီညမှာ သားအမိနှစ်ယောက် စကားလက်ဆုံကျရင်း အချိန်အတော်ကြာသွားပါတယ်။

နောက်တစ်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရုံးခန်းဆီ သွားပါတယ်။

ဒါရိုက်တာက
“ ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လဲဆိုတာ ပြောပြနိုင်မလား ” လို့ မေးတဲ့အခါ လူငယ်ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ တွဲခိုလို့နေပါတယ်။

“ အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျနော်သိသွားပါပြီ... ကျနော့်အမေ မရှိဘဲနဲ့ ဒီကနေ့ ကျနော်ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး... တစုံတရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျနော့်အမေကို ကူညီရင်း အခုမှသိရတာပါ.... မိသားစုကို ကူညီထောက်ပံ့ခြင်းရဲ့ အရေးကြီးမှုနဲ့ အဖိုးအခကြီးမှုတွေကိုလည်း တန်ဖိုးထားသိမြင်လာရပါတယ် ”

လူငယ်ရဲ့အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပါတယ်။
“ ဒါဟာ အစ်ကိုလိုချင်တဲ့ မန်နေဂျာမှာရှိရမယ့် စိတ်နေသဘောထားပါပဲ... အစ်ကို အလုပ်ခန့်ချင်တာက တခြားလူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့ လူမျိုး၊ အလုပ်ကိစ္စတွေ ပြီးမြောက်ဖို့ တခြားလူတွေရဲ့ အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့
လူမျိုး၊ ငွေကို ဘ၀ရဲ့ပန်းတိုင်လို သဘောမထားတတ်တဲ့လူမျိုးပါ... ညီလေးကို အလုပ်ခန့်လိုက်ပါပြီ ”

လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ်။ သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ လူငယ်ရဲ့ ၀န်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ၀ီရီယထား ကြိုးစားကြတယ်။ ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတက်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။

ဖြစ်ရပ်ကလေးက ဒါပါပဲ။

ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက် အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုစဉ်းစားတဲ့ အတ္တစိတ်တွေ ဖွံ့ဖြိုးလာတတ်တယ်။ သူ့ကိုယ်သူ အမြဲရှေ့တန်းတင်လာတတ်တယ်။ သူ့နောက်ကနေ ထောက်ပံ့နေတဲ့ မိသားစုရဲ့ ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။ သူအလုပ်လုပ်တဲ့အခါ သူ့စကားကို အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုး ဖြစ်လာတတ်တယ်။ သူ မန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်ဝန်ထမ်းတွေရဲ့ အခက်အခဲ ဒုက္ခတွေကို စာနာ နားလည်ပေးလိမ့်မှာ မဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပါလိမ့်မယ်။ အဲဒီလို လူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်ကြပါလိမ့်မယ်။ ဘ၀မှာ ခဏတဖြုတ် အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာ မဟုတ်ပါဘူး။ သူတို့ဟာ ပိုမိုတဲ့ လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။ အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။ ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။ ကဲ ဒီလိုဆို ကျနော်တို့ဟာ ကလေးတွေကို စိတ်တိုင်းကျ အလိုလိုက်ပြီး အမြဲကာကွယ်ပေးနေတတ်တဲ့ မိဘတွေဖြစ်နေရင် ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား.... ဒါမှမဟုတ် အဲဒီအစား ကိုယ့်ကလေးကိုယ် ဖျက်ဆီးနေကြတာများလား ? ? ?

သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်။ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်။ စန္ဒရားတီးတတ်အောင် သင်ပေးနိုင်တယ်။ ကြီးမားတဲ့ ဖန်သားပြင်ရှိတဲ့ ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်။ ဒါပေမဲ့ သင့်အိမ်ခြံဝင်းထဲက မြက်တွေ ရိတ်ဖြတ်တဲ့အခါ သူတို့ကိုလည်း အဲဒီအတွေ့အကြုံနဲ့ ထိတွေ့ခွင့်ပေးပါ။ ထမင်းစားပြီးတဲ့အခါမှာ စားပြီးသား အိုးခွက်ပန်ကန်းတွေဆေးဖို့ သူတို့အစ်ကိုအစ်မတွေနဲ့အတူ ၀ိုင်းဝန်းလုပ်ခွင့်ပေးပါ။ ဒါက အိမ်ဖော်ငှားဖို့ ပိုက်ဆံမရှိလို့ ဒီလိုလုပ်ရတာမဟုတ်ပါဘူး။ သင်က သူတို့ကို သင့်မြတ် မှန်ကန်တဲ့နည်းနဲ့ ချစ်ရာရောက်အောင်လို့ပါ။ မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ.. တစ်နေ့မှာ အထက်ပါ ဖြစ်ရပ်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။ အရေးကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်... အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမယ်... ပြီးတော့ အရာကိစ္စတွေ ပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့ တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။

မိတ်ဆွေ.... ဒီဖြစ်ရပ်ကလေးကို တတ်နိုင်သလောက်များများ မျှဝေဖို့ ကြိုးစားပါ။ ဒီဖြစ်ရပ်ကလေးကို သိရတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀ကံကြမ္မာဟာ ထူးထူးခြားခြား ပြောင်းလဲကောင်းပြောင်းလဲ
သွားနိုင်ပါတယ်။

( The Real Singapore မှ Mother)
Read More »


ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။
အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့(၁) ကုလ ဗုဒ္ဓဘာသာ(၂) လာဘ ဗုဒ္ဓဘာသာ(၃) ဘယ ဗုဒ္ဓဘာသာ(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ(၅) ပညာဓိက ဗုဒ္ဓဘာသာ(၁)ကုလ ဗုဒ္ဓဘာသာကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာလာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်းဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာသဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။

> သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။> မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။(၅)ပညာဓိက ဗုဒ္ဓဘာသာသစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကိုကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။

Credit: http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:1142
Read More »


'အဘ.အဘ ဘာလို့ ရွှေတွေကို လမ်းဘေးမှာ ပုံရောင်းနေတာလဲ'
'ဘယ်မှာလဲ သမီး ရွှေတွေဆိုတာ'
'ဒါတွေက ရွှေတွေ မဟုတ်လား အဘ'
ကိသာဂေါမီတက လမ်းဘေးမှာပုံရောင်းနေတဲ့ မီသွေးခဲတွေကို လက်နဲ့ကိုင်ပြလိုက်သောအခါ မိသွေးခဲများမှာ တကယ့် ရွှေတုံးရွှေးခဲ များဖြစ်သွားပါတယ်

မီးသွးခဲမှ ရွှေတုံးရွှေခဲဖြစ်ရခြင်းမှာ ကလေးမလေး ကိသာဂေါတမီရဲ့ ရှေးကုသိုလ် ကံကြောင့်ပင်ဖြစ်ပါတယ်။


မြတ်စွာဘုရားလက်ထက်တော်က သာဝတ္ထိပြည်မှ သူဌေးကြီးတစ်ဦး ကုဋေလေးဆယ်သော ရွှေတွေကို
မြေမြှုပ်သိမ်းဆီးရာမှ ပြန်တူးဖော်ရာ ရွှေမှမီးသွးခဲများဖြစ်သွာကို တွေရလိုက်ပါတယ်။

ရွှေတွေမှမီးသွေးခဲများဖြစ်လို့ သူဌေးကြီး စိတ်အကြီးအကျယ် ထိခိုက်နေစဉ်၊ မိတ်ဆွေတစ်ဦးမှ ဒီရွှေတွေနဲ့ ကံစပ်တဲ့သူရှိရင် မီးသွေးမှ ရွှေတွေ ပြန်ဖြစ်လာနိုင်ပါတယ်လို့ အကြံပေးလို့ လမ်းဘေးဈေးမှာ မီးသွေးတွေကို ပုံရောင်းနေလိုက်ပါတယ်။

လမ်းဘေး မြင်မြင်သမျှ လူတောတော်များများက ၊သူဌေးကြီး လမ်းဘေးမှာ မီးသွေးရောင်းနေတာကိုပဲ
တွေ့မြင်ရလို့ သူဌေးကြီ စိတ်ဖောက်ပြန်သွားပြီးလို့ တီးတိုးပြောဆိုကြပါတယ်။

ပါရမီရှင်ကိသာဂေါတမီနှင့်တွေ့မှ သူဌေးကြီး စိတ်ချမ်းသာရာ ရသွားတယ်။ဒါကြောင့်သူဌေးကြီး ဝမ်းမြောက် ဝမ်းသာ ကိသာဂေါတမီကို သူ့သားနှင့် လက်ထပ်ထိမ်းမြားကာ ပစ္စည်းများကိုလည်း ကိသာဂေါတမီလက်သို့ ပေးအပ်လိုက်ပါတယ်။

ဂေါတမီဟာ သူဌေးချွေမဖြစ်ပြီးနောက် သားလေးတစ်ယောက် မွေးဖွားပါတယ်။ သားဦးမြေးကလေးနှင့် အတူ တအိမ်သားလုံး ပျော်ပျော်တပြုံးပြုံးဖြစ်နေကြပါတယ်။ ဒီအပျော်ကလည်း သိပ်ကြာကြာမခံဘူးလို့ ဆိုရမယ်။ သာငယ်လေး လမ်းလျှောက်တတ်စအရွယ်မှာ မရဏသေမင်းက ခေါ်ဆောင်သွားတယ်လေ။


အချစ်ဆုံး မြေသားလေး မနုတ်ဆက်ပဲ အပြီးအပိုင်ထွက်ခွါသွားတယ်ဆိုတော့ တအိမ်းသားလုံး အပူမီး
လောင်မြိုက်နေတာပေါ့၊ဂေါတမီဆို အရူးတစ်ပိုင်းဖြစ်ကာ သားသေကို ရင်ဝယ်ပိုက်ကာ အိမ်မှ ထွက်ပြေးသွားပါတယ်။

ဂေါတမီတစ်ယောက် တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ " ကျမ သားလေးကို အသက်ရှင်အောင် ကုပေးကြပါ ၊ အသက်ရှင်အောင် ကုပေးကြပါလို့" သွေးရူးသွေးတမ်း မြည်တမ်းကာ အော်ဟစ် ငိုကြွေးနေပါတော့တယ်။

မြင်မြင်သမျှ လူအားလုံးကလည်း ဂေါတမီကိုကြည့်ပြီး သနားဂရုဏာထားရုံမှတပါး၊ သူမသောက ကို မဖြေဖြောက်ပေးနိုင်ခဲ့ပါ။ တစ်နေ့တော့ စဉ်းစားဥာဏ်ရှိသော ယောက်ျားတစ်ယောက်က " ဂေါတမီ.. မင်းကလေး အသက်ပြန်ရှင်စေလိုတယ်ဆိုရင် ဗုဒ္ဓထံသွားပါ၊ ဗုဒ္ဓမှ တပါးမည်သူမှ မင်းကို မကယ်နိုင်ပါ" လို့ အကြံပေးလိုက်တယ်။

ထိုသူရဲ့ အကြံရတယ်ဆိုရင်ပဲ ဂေါတမီတစ်ယောက် သားသေကိုရင် ရင်ဝယ်ပိုက်လို့ ဇေဝတန်ကျောင်းက ဗုဒ္ဓထံကို ချက်ချင်းအရောက်သွားခဲ့တယ်။ သူရောက်လာတဲ့အချိန်မှာတော့ ဗုဒ္ဓက ပရိတ်များအား တရားဟောနေပါတယ်။ ဂေါတမီက သားသေကို ရင်ဝယ်ပိုက်လို့ ပရိတ်သတ်အစွန်အဖြားနေ၍ မဆိုင်းမတွ " အရှင်ဘုရား တပည့်တော်သားအတွက် အသက်ရှင်ဆေး ပေးသနာတော်မူပါ"လို့ လျှောက်ထား လိုက်ပါတယ်။

ဒီတော့ဗုဒ္ဓက " ချစ်သမီးဂေါတမီး မင်းလိုချင်တဲ့ မင်းသား မသေဆေးကို ငါပေးမယ့် ၊ မင်းမြို့ထဲကို လှည့်လယ်ကာ မည်သူတစ်ဦးတစ်ယောက်မျှ မသေဘူးတဲ့ အိမ်က မုန်ညင်းစေ့ လက်တစ်ဆုပ်စာ လောက်ကို ယူဆောင်ခဲ့ပါလိုပါ မိန့်တော်မူလိုက်တယ်။

ဂေါတမီးတစ်ယောက် မြတ်စွာရား စကားကြာတာနဲ့ မုန်ညင်းစေံဖို့ မြိုထဲကို အလျင်အမြတ်ထွက်ခဲ့တယ်။ အိမ်တစ်အိမ်နားရောက်တော့ ....


" အိမ်ရှင်တို့.. ဒေါ်ဒေါ်တို့၊ ဦးဦးတို့အိမ်မှာ မုန်ညင်းစေရှိပါသလား ၊ကျမ နည်းနည်းလောက်လိုရှင်လို့ပါ"
'ရှိတယ်သမီး ဘာလုပ်ဖို့လဲ'
'ကျမကလေး အသက်ပြန်ရှင်ဖို့အတွက် လူတစ်ယောက်မှ မသေဘူးတဲ့ အိမ်က မုန်ညင်းစေ့ယူခဲ့လို့ ဗုဒ္ဓကမှာ လိုက်လို့ပါ'

'သမီး ဒီလိုဆို မဖြစ်ဘူးထင်တယ် ဒေါ်ဒေါ်တို့အိမ်မှာ လူက တစ်ယောက်မက သေဖူးတယ်'

ထို့နောက် ဂေါတမီတစ်ယောက် စိတ်မလျော့ပဲ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်ရှာလိုက်တာ ညနေ နေဝင်မိုးချုပ်အချိန်ထိအောင် လူမသေးဘူးတဲ့ အိမ်ကို တစ်အိမ်မှ ရှာမတွေ့ဘူးတဲ့။


သားဇောတဲ့ တစ်နေကုန်း လှည့်လယ်နေရသော ဂေါတမီးတစ်ယောက် သတိသံဝေရကာ ဩော် သေးခြင်း တရားဆိုတာ ငါ့သားတစ်ယောက်တည်း ကွက်ဖြစ်တာ မဟုတ်ပါလားလို့ တွေးတောဆင်ခြင်မိလာတယ်။

အဲဒီနောက်မှာတော့ ရင်ဝယ်မှ သားသေကို ပစ်ချကာ ဗုဒ္ဓထံကို အရောက်သွားခဲ့တယ်။ ဗုဒ္ဓက ချစ်သမီး လူတစ်ယောက်မှ မသေဘူးတဲ့အိမ်က မုန်ညင်းစေ့ရခဲလားလို့မေးလိုက်တယ်။ ဂေါတမီက " အရှင်ဘုရာ တစ်မြို့လုံးမှာ လူတစ်ယောက်မှ မသေးဘူတဲ့အိမ် မရှိပါဘုရား"လို့ဖြေလိုက်တယ်။

ဒီတော့ မြတ်စွာဘုရားက...

"အိပ်ပျော်နေတဲ့

ရွာသူ၊ရွားသားအားလုံးကို

ဆူနားမိလို အရေအလျဉ်က

လွမ်းမိုးတိုက်စားသွားသလို..

သားစွဲ၊မယားစွဲ ပစ္စည်းဥစ္စာစွဲ တို့ဖြင့်

ကာမဂုဏ်မှာ ငြိတွယ်နေတဲ့လူအပေါင်းကို

သေမင်းက မကြာခင်မှာ

ခေါ်ဆောင်သွားပါလိမ့်မယ်လို့ ဟောကြားလိုက်တယ်"

ဒေသနာ အဆုံးမှာတော့ ဂေါတမီးတစ်ယောက် သောတာပန်တည်လို့ သာသနာ့ဘောင်မှာ ဘိက္ခုနီမဝတ်လိုက်ပါတယ်။


တစ်နေ့မှာ ရဟန်းမဂေါတမီတစ်ပါး ဥပုသ်နေ့မှာ ရဟန်းမများ ဥပုသ်ပြုဖို့ ဥပုသ်ကျောင်း သန့်ရှင်းရေး တာဝန်ကျပါတယ်။ ဥပုသ်ကျောင်းရှင်းလင်းပြီးနောက် ဆီမိးခွက်းများကို ထွန်းညှိပြီး ရဟန်းမများ အလာကို စောင်နေလိုက်ပါတယ်။ ထိုအချိန်တွင် ဂေါတမီတစ်ယောက် ဆီမီးတောက်များရဲ့ မီလျှံများ တစ်ခုပြီးတစ်ခု တောက်လောင်ကာ ပျောက်ပျောက်သွားတာကိုတွေ့လို့ သတ္တဝါတွေလည်း ဆီမီး တောက်ကဲ့သို ဖြစ်လာလိုက် ၊ ပျောက်သွာလိုက်ပါလားလို့ တွေးတောဆင်ခြင်လိုက်ပါတယ်။

မြတ်စွာဘုရာလည်း သီတင်းသုံးရာ ကျောင်းဆောင်မှ ဂေါတမီရဲ့ စိတ်အကြံကို သိမြင်တော်မူလို့..

" ဂေါတမီ .. သင်စဉ်းစားသည့်အတိုင်း မှန်ပါတယ်။ သတ္တဝါတို့ဟာ မီးတောက်လို့ ဖြစ်လိုက်၊ ပျက်လိုက် တလတ်စပ်ဖြစ်နေတယ်။ နိဗ္ဗာန်သို့ရောက်မှသာ ဖြစ်ခြင်း၊ပျက်ခြင်းငြိမ်းအေးတယ်လို့" မိန်တော်မူတယ်။


ထို့နောက်..." သေခြင်းကင်းသော နိဗ္ဗာန်ကို မမြင်ပဲ နှစ်ပေါင်းတစ်ရာအသက်ရှင်ခြင်းထက်၊ နိဗ္ဗာန်ကို မြင်၍ အသက်တစ်ရာ အသက်ရှင်ရခြင်းက သာလွန်မွန်မြတ်လှပေတယ်" လို့ ဟောကြားတော်မူလိုက်တယ်။


ဒေသနာအဆုံးမှာတော့.. ကိသာဂေါတမီရဟန်းမလေးဟာ ပဋိသမ္ဘိဒါဥာဏ်လေးပါနှင့်အတူ အရဟတ္တဖိုလ်သို့ ရောက်ရှိသွားပါတယ်။

ဓမ္မပဒ၊ ကိသာဂေါတမီဝတ္ထုကို မျှဝေခံစားပါသည်..။

မျှဝေလျှက်
မြတ်သောမောင်
Read More »

 
"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."
"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာတောင် အမေ အကျီ င်္အပ်ထားပါသေးတယ်...အမေ့ မှာ အိကျီ င်္ အသစ်မရှိတော့ဘူးလေ..."
"ဟင်..အမေ ကလိုက်မလို့ လား... အိမ်မှာ အဖ့ကိုစောင့်ဖို့ လူမရှိဘဲဖြစ်မှာပေါ့.... "
 " သားအဖေက သက်သာနေပါပြီသားရယ်... ၀ှီးချဲ လေးနဲ့ ခေါ်သွားရင်ရပါတယ်...."

သား ဖြစ်သူစိတ် ညစ်သွားတယ်... ဒီလိပွဲမျိုးကိုသူ့ မိဘတွေကို မခေါ်ချင်လို့ တော့မဟုတ်ပါဘူး.... ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့  အမေ နဲ့  လေဖြတ်ပြီးလို့ နလန် ထူခါစ အဖေကို သူဒီလိုပွဲမျိုးကို ပွဲမထုတ်ချင်...
သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ ခက်တယ်..
ဒါနဲ့ ဘဲ...မျက်နှာပျက်ပျက်နဲ့ သူ့ အမေ ကိုပြောလိုက်တယ်..

"မလိုက်ပါနဲ့ အမေရာ...ခန်းမထဲကို ၀ှီးချဲ လည်းဝင်လို့ ရတာမဟုတ်ဘူး..
အမေတို့ လိုက်လာလို့ လည်း ဘာမှထူးခြားသွားမှာမှမဟုတ်တာ...
သားတစ်ယောက်ထဲသွားမယ်..."

မိခင် ဖြစ်သူမှာ သားရဲ့ တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့  နာကျင်မိတဲ့ စိတ်
ထဲက ဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ ဖုံးပြီး..

"အေးပါကွယ်...သားလေးသဘောပါ...သားလေး ဘွဲ့ ရရင်ဘဲအမေတို့ ကျေ
နပ်ပါတယ်...အမေ အိမ်မှာဘဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်..."

သား ဖြစ်သူလည်း ကျေနပ်ပြီး အိပ်ရာ စောစောဝင် ခဲ့တယ်....

မိခင် ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့  ယောက်ျားကိုကြည့်ပြီး
မချိပြုံးလေးပြုံးခဲ့ရတယ်...

မနက်မိုးလင်းတော့ သားလေး စားဖို့ မိခင် ဖြစ်သူက မနက်စာကို အရင်က
ထက်ပို ဂရုစိုက်ပြင်ပေးထားတယ်... ဘွဲ့ သွားယူမှာဆိုတော့ ဗိုက်နာမယ့်အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ ပေါ့....

"သားရေ...မနက်စာအဆင်သင့်ဖြစ်ပြီနော်..."

"မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ ကျောင်းနားက စားသောက်ဆိုင်မှာ ချိန်းထားတယ်...အဲ့ မှာဘဲစားတော့မယ်... "

"အော်... အင်းပါ သားရယ်.. သားလေး ဓာတ်ပုံတွေ ရိုက်ခဲ့နော်..
မေမေတို့ ပြန်ကြည့်ချင်လို့ ..."

"ဟုတ်ကဲ့  ပါဗျာ.. သွားပြီနော်..."


ဒီလိုနဲ့ သားဖြစ်သူက သူငယ်ချင်းတွေနဲ့ ချိန်ထားတဲ့ စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ ...နာရီကိုကြည့်တော့လည်း ဘွဲ့ ယူဖို့ အချိန်က
တစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့ မှာလိုက်တယ်...
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်ထဲလာတဲ့ သူနဲ့ 
မိဘ ခေါ်လာတဲ့သူနဲ့ ပေါ့...အဲ့ အချိန်မှာ သူ့ ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့ မိတ်ဆက်ပေးတယ်..

" ဟေ့ကောင်..ဒါငါ့အမေလေ ငါဘွဲ့ ယူတာ လိုက်လာခဲ့ ပေးတာ...
အမေ ဒါက သားသူငယ်ချင်းပါ..."

မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ်
ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်..ဒါပေမယ့် ညာဘက်လက်နဲ့ တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ ဆိုတော့
ကောင်လေး မှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်...

"ဟင်... အဒေါ့်လက်မှာ ပတ်တီး နဲ့ ပါလား ဘယ်လိုဖြစ်တာလည်း..."

ဒါနဲ့ ကောင်လေး သူငယ်ချင်းက ၀င်ဖြေတယ်...

"ဒီလိုကွ...ငါ့အမေ က ဈေးထဲမှာ ငါးရောင်းတာ...အဲ့ ဒါမနေ့ က၀ယ်တဲ့ သူကို
ငါးကိုင်ပေးတာလေ လက်ကို ဓားထိသွားတာ....အဲ့ ဒီ့ဒဏ်ရာနဲ့ ညက အဖျားတွေ တက်လို့ ကွာ..ငါ့မှာစိတ်ပူလိုက်တာ..ဒီမနက်မှ ပြန်ကောင်းလာတာ....
ဒါတောင် မလိုက်ဘူးလုပ်နေတာ...ငါကအတင်းခေါ်လာလိုက်တာလေ...
ငါ့ကိုခုလိ ဘွဲ့ ခန်းမထဲရောက်အောင်ငါ့အမေ ကဈေးထဲမှာ
ငါးေ၇ာင်းပြီး ကျောင်းထားခဲ့ တာကွ....ဒါနဲ့ မင်းအမေနဲ့ အဖေ ရောမတွေ့ ပါလား..."
 ကောင်လေး မှာ သူ့သူငယ်ချင်းရဲ့ စကားတွေကို ကြားပြီး နောင်တတွေ များစွာနဲ့ ...

"အော်...အင်း နောက်...နောက်မှာ လိုက်လာတယ်ကွ.... ငါ့ကိုခဏ ခွင့်ပြူပါဥိးကွာ ... မင်းတို့ ဘွဲ့ ခန်းမကဘဲစောင့်နော်..."

စကားလည်းဆုံး ကားလမ်းမကို ထွက်ပြီး Taxi တစ်စီးငှားပြီး အိမ်ပြန်ခဲ့ တယ်...


အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့ တော့ အမေ နဲ့ အဖေ ခန်းကို ၀င်ဖို့ လုပ်တုန်း အခန်းထဲကအသံကြားမိတယ်...

"ဖေကြီး ရေ သားကတော့ ဘွဲ့ သွားယူပြီတော့.... ကျွန်မ ကတော့ ဘွဲ့ ခန်းမ
ကိုမလိုက်ရလည်း သားနဲ့ အတူတူရှိနေသလို အိကျီ င်္အသစ်တွေဝတ်ထားတယ်...ရှင့်ကိုလည်း တိုက်ပုံ အသစ်ဝတ်ပေးထားတာတွေ့ လား..."

"တွေ့ ပါတယ် မေကြီးရာ......သားလေးပြန်မလာခင်တော့ ငါတို့ တွေ အိကျီ င်္လဲရမယ်နော်...တော်ကြာ အဖေနဲ့ အမေ က အဖြစ်သည်းတယ်လို့ ပြောနေပါဥိးမယ်ကွာ..ဟားဟားး"

"ဟုတ်ပတော့....သားလေးက ရှင့်ကို စိတ်ပူပြီး ကျူပ်ကို မခေါ်တာတော့...
သူ့ အဖေ တစ်ယောက်ထဲ ဖြစ်နေမယ်တဲ့ ...အဲ့ တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ....သားလေးသာသတိမပေးရင်
ရှင်တစ်ယောက်ထဲကျန်ခဲ့ မှာသိလား....သားလေကို ရှင်ကျေးဇူးတင်...."

"အေးပါကွာ....အေးပါ...... အင်း ငါတို့ သားလေး ဘွဲ့ ရပညာတတ်ဖြစ်ပြီနော်..."

ထိုစကားတွေ ဟာ ကောင်လေးရင်ကို သံချွန်နဲ့ ထိုးလိုက်သလိုဘဲ...
မခေါ်ချင်လို့ ထားခဲ့တဲ့  မိဘ နှစ်ပါးက အပြစ်မမြင်တဲ့ အပြင်
အမေ ကငါ့အပြစ်ကို မသိသလိုပါလား.....
ဒါနဲ့ အခန်းထဲဝင်ပြီး...

"အဖေ နဲ့ အမေ "

"ဟင် ..သား ဘွဲ့ ယူပြီးပြီလား မြန်လိုက်တာ..."

မိဘ နှစ်ပါးမှာ အ၀တ်အစားအသစ်တွေနဲ့ မို့ လို့ မနေတတ်မထိုင်တတ်...
သားလေး မေးလာရင်ဘယ်လို ဖြေရပါ့လဲ လို့ တွေးနေချိန်...

"အဖေနဲ့ အမေ ကို လာခေါ်တာပါ.... ဘွဲ့ ခန်းမ မှာအဖေနဲ့ အမေတို့ အတွက် နေရာရှိသလို....သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်...သားကို ခွင့်လွှတ်ပါနော်...."

မိဘ နှစ်ပါးရှေ့ မှာ ထိခြင်းငါးပါးနဲ့ ရှိခိုးမိတယ်...
မိဘ နှစ်ပါးကတော့ ၀မ်းသာနဲ့ မျက်ရည်စတွေနဲ့ ဆုတွေပေးလို့ ..............


(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ ဒါဟာ သူတို့ အတွက်မဟုတ်ပါဘူး...သူတို့ သားသမီးတွေ အတွက်ပါ...
သူတို့ သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့ အလုပ်တွေလုပ်နေရတာပါ..

တစ်ကယ်တော့ လောကမှာ အစားထိုး လို့ မရတဲ့ အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ.....")-
--------------------------------------------------
join @ www.facebook.com/alwannyeethu
Read More »

ကိုယ်ဆင်းရဲမူကို “ဒုက္ခ”၊ စိတ်ဆင်းရဲမူကို “ဒေါမနဿ” ဟုခေါ်၏။
အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင်၊ ကျပ်တည်းကျဉ်း
ajမာင်းမူ၊ ရောဂါဝေဒနာဒဏ်ကို ခံစားနေရမူ၊ အရိုက်အနှက်ခံရမူ၊
တစ်စုံတစ်ခုနှင့် ထိခိုက်မူ စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပင်ပန်း
နွမ်းနယ်ခြင်းသည် ဒုက္ခချည်းတည်း။ ယခုလောက၌လည်း ကိုယ်
ခန္ဓာ နာကျင်လျှင် “အလိုလေး-ဒုက္ခ ဒုက္ခ”ဟု ညည်းညူကြလေ
သည်။ ထိုသို့ ခန္ဓာကိုယ် ဆိုင်းရဲသော်လည်း ပါရမီဖြည့်တော်မူရာ
၌ မဟော်သဓာ၊ ဝေဿန္တရာဘ၀ စသည်တို့ဝယ် ကိုယ်ခန္ဓာ မ
သက်သာဘဲ ဆင်းရဲဒုက္ခ ရောက်တော်မူခဲ့၏။

သို့သော် သတ္တ၀ါ
တို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့် စိတ်ဆင်းရဲမူ
ဒေါမနဿကား မဖြစ်ခဲ့ပါ။

စိတ်ဆင်းရဲမူ၊ စိတ်မချမ်းသာမူ၊ စိတ်ညစ်မူ၊ စိတ်ပျက်မူ စသည်ဖြင့်
စိတ်မှာဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ”ဟု ခေါ်ရလေသည်။
ဤဒေါမနဿ ဝေဒနာသည် စိတ်မှာ စွဲကပ်လာသော ရောဂါတစ်မျိုး
ပင် ဖြစ်၏။ ထို့ကြောင့် “သူ့အကြောင်း ကြားရတာ စိတ်ထဲမှာ နာလွန်း
လို့ ငါ့အား သူ့အကြောင်း မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာ
မူကိုပင် “စိတ်နာ”ဟု ပြောဆိုကြလေသည်။ ဤကဲ့သို့ စိတ်မချမ်းသာ
တိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲချင်မှ ဆင်းရဲမည်။ ခြွေရံပေါ
ကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္ဓာ ချမ်းမြပါလျက် ဓမ္မစကြာတရား
တော်လာ “ယံ ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ = ရတာမလို၊ လိုတာမရ”
ဖြစ်နေကြရသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ ဤ
ဒေါမနဿ၏ ဆင်းရဲပုံသည် ခန္ဓာကိုယ် ဆင်းရဲပုံထက် လွန်ကဲပြင်းပြ
၏။ ရွှေဘုံပေါ်မှာ စံနေရသော်လည်း ဒေါမနဿဒဏ်ကို မခံနိုင်ကြ၍
ရွှေဘုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်
ဆင်းရဲဒဏ်ကို ခံနိုင်ကြလေသည်။

စိတ်ချမ်းသာအောင် ပြုပြင်နည်းမှာ အကြောင်းအားလျော်စွာ အတော်
များစွာ ရှိပါ၏။ သို့သော် သူ့အကြောင်းနှင့်သူ ထိုက်တန်အောင် ပြုပြင် 

တတ်ဖို့ကား တော်တော်တန်တန် အသိဉာဏ်ရှိရုံမျှဖြင့် မလွယ်ကူချေ။
အချုပ်မှာ အရှည်ကိုမြော်မြင်၍ ဆိုင်ရာကိစ္စအ၀၀ကို ကြိုတင်ပြီး စီစဉ်
ထားရမည်။ မိမိအစီအစဉ်နှင့် တည့်အောင်လည်း မပျင်းမရိ လုံ့လရှိရ
မည်။ ထိုကဲ့သို့ ဉာဏ်ရော ၀ီရိယပါ အရာရာ ပြည့်စုံပါလျက် ကံမကောင်း 
အကြောင်းမသင့် ဖြစ်ခဲ့ပြန်သော် (ရည်ရွယ်ချက်မမြောက်ခဲ့သော်) စိတ်အားမ
ငယ်စေနှင့်။ နောက်တစ်မျိုး တိုး၍ ကြိုးစားလေဦး။ ကြိုးစား
လျှင် ဘုရားပင်ဖြစ်နိုင်သေးသည်။ ထို့ပြင် လောကဓံကြောင့် မတုန်လူပ်
ဖို့လည်း အရေးကြီးသေး၏။ လောကဓံဆိုသည်ကား လောက၌ တွေ့
ကြုံဖို့ရန် ထုံးစံတစ်မျိုးတည်း။

(လောက = ဓမ္မတာ (ထုံးစံ)။) ထိုလောကဓံသည်
၁။ လာဘ = ပစည်းဥစ္စာရခြင်း
၂။ အလာဘ = ပစ္စည်းဥစ္စာမရခြင်း
၃။ ယသ = အခြွေအရံများခြင်း
၎။ အယသ = အခြွေအရံမရှိခြင်း
၅။ နိန္ဒာ = အကဲ့ရဲ့ခံရခြင်း
၆။ ပသံသာ = ချီးမွမ်းခံရခြင်း
၇။ သုခ = ကိုယ်-စိတ်ချမ်းသာခြင်း
၈။ ဒုက္ခ = ကိုယ်-စိတ်ဆင်းရဲခြင်း

ဤသို့အားဖြင့် ရှစ်ပါးရှိသည်။

ဤလောကဓံများ၌ မကောင်း ၄-ပါး၊ ကောင်း ၄-ပါး ပါ၏။ ကောင်းသော
 လောကဓံနှင့် တွေ့ကြုံရသောအခါ ၀မ်းသာ
ရွှင်ပျတကြွကြွဖြစ်နေခြင်း၊ မကောင်းသောလောကဓံနှင့် တွေ့ကြုံ
သောအခါ စိတ်အားနွဲ့၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့်
တုန်လူပ်ခြင်းတည်း။ ၀မ်းသာလွယ်သူသည် ၀မ်းနည်းလွယ်၏။
ဝမ်းသာအားကြီးသူသည် ၀မ်းနည်းအားကြီး၏။ ၀မ်းနည်းမူမှာ
ပြခဲ့သော ဒေါမနဿ သဘောတည်း။ ထို့ကြောင့် အမြဲစိတ်ချမ်း
သာခြင်းကို အလိုရှိလျှင် လောကဓံ ရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရား
ကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိသာသာကြီး စိတ်မပြောင်း
ဖို့ အထူးသတိထား သင့်ကြပေသည်။ ချဲ့ဦးအံ့။

လာဘ-အလာဘ
မိမိနှင့် ထိုက်တန်သော လာဘ်ကို တရားသဖြင့် ရအောင် ကြိုးစား
ရမည်။ ရသည့်အခါလည်း သူတစ်ပါး မြင်ပြင်းကတ်အောင် ၀မ်းသာ
ရွှင်ပျ တကြွကြွ မရှိစေသင့်။ တချို့ ရှာဖွေမူကာ ရှာဖွေ၍ မရသည့်
အပြင် “ဘူးထဲကရေပါ၍” အရင်းပင် ရူံးတတ်သေးသည်။ ထိုကဲ့သို့
ဆုံးရူံးမူကြောင့်လည်း ၀မ်းနည်းပူဆွေး၍ မနေနှင့်။ ထိုသို့ ဆုံးရူံးသူ
တွေ မရေမတွက်နိုင်အောင် ရှိကြသည့်အပြင် ထီးနန်းကိုပင် စွန့်
လွှတ်၍ တစ်မျိုးလုံး သခင်ဘ၀မှ ကျွန်ဘ၀သို့ဆင်းကာ မောင်
မောင်လို့ ခေါ်တုန်းက “ဗျာ”လို့မျှ ထူးဖော်မရဘဲ အောင်ကျော်လို့
ခေါ်ကာမှ “ဘုရား” ထူးရသူတွေ အများပင် ရှိရှာကြပေသည်။
သို့ဖြစ်၍ ရမူ မရမူ လောကဓံနှစ်ခုကြောင့် မတုန်လူပ်ဖို့ရာ ခိုင်မာ
သော စိတ်ကိုသာ အမြဲထားသင့်ကြပေသည်။

ယသ-အယသ
ဆရာသမား လူကြီးလူကောင်းတို့၌ အထိုက်အလိုက် အခြွေအရံ
ရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်းအိမ်ခြံတို့ ကဲ့သို့
ဘေးဆီးရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူ
အညီပေးသူများ ပေတည်း။ ထိုကဲ့သို့ အခြံအရံ ပေါများအောင်
မိမိ၏ ပစ္စည်းများကို ချွေတာဝေငှ မစချီးမြှောက်ရမည်။ ထို့ကြောင့်
“ခြွေမှရံသည်”ဟုပြောလေ့ရှိသည်။ ထိုအခြွေအရံများကိုလည်း
အစေခံလိုသဘောထား၍ အားမနာပါးမနာ များစွာ မစေခိုင်းသင့်။
မိမိကိုမှီခို၍ ကြီးပွားစေလိုသောစိတ်သာ ရှိသင့်ပေသည်။ အခိုင်း
အစေကို ခိုင်းဖို့ရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေ
အရံလို သဘောထားလျက် မိမိကိုအမှီပြု၍ တစ်နေ့ထက်တစ်
နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ ထိုကဲ့သို့ သ
ဘောထားကောင်းပါလျက် အခြွေအရံ မရှိပြန်လျှင် စိတ်နှလုံး
မပူပန်လေနှင့်။ အခြွေအရံပေါများသည့်အတွက်လည်း မာန်
မာန မတက်စေသင့်။

ကျော်စောမူ၊ ဂုဏ်သတင်းပျံ့နှံ့မူများလည်း ယခုဘ၀သာမက
ဘ၀တိုင်း အရေးကြီး၏။ မြင့်မြတ်သော အလုပ်ကို လုပ်မည်ကြံ
လျှင် ဂုဏ်ရှိမှ နာမည်ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦးစွာ
သတိပြုသင့်ပေသည်။ “ဂုဏ၀န္တေ ပဿန္တိ ဇနာ = ဂုဏ်ရှိသူမှ
လူထင်ကြသောအခါ” ဖြစ်သည်။ သို့ဖြစ်၍ ရသင့်သော ကျော်
ကြားမူဂုဏ်ကို ရအောင် ဉာဏ်ဝီရိယဖြင့် ထူထောင်ရမည်။ ရ
ခဲ့ပြန်သော် ထိုဂုဏ်အတွက် မကြွားမမော်လေနှင့်။ ရသင့်ပါ
လျက် မရပြန်လျှင်လည်း စိတ်အား မငယ်လေနှင့်။

နိန္ဒာ-ပသံသာ
မလိုမုန်းထား ဣဿာများသူ သို့မဟုတ် အလုပ်မရှိ အလုပ်
ရှာ၍ ကဲ့ရဲ့စရာ ကြံစည်သူတွေ ပေါများသော ယခုကာလ
ဝယ် အချီးမွမ်းခံရဖို့ ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ
သေချာပြီးဖြစ်၏။ ထို့ကြောင့် ကဲ့ရဲ့စရာ မရှိအောင် ရှေးဦးစွာ
သတိထားရမည်။ သို့ရာတွင် သိကြားမင်း ဖန်ဆင်းအပ်သော
နွားသော်မှ မစင်ပျော့သည်ဟု နော့တော့တော့ အဆိုခံရသေး
သောကြောင့် “မုန်းအပြစ်၊ ချစ်အကျိုး၊ မြတ်နိုးသဒ္ဓါ” နိုင်သော
ယခုကာလ၀ယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်သူတွေ
လည်း အများပင် ရှိပေမည်။

သို့သော် သူတစ်ပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော
ထိုသူများသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗုလ တို့အလား
သို့မဟုတ် မဟော်သဓာ၊ ဝေဿန္တရာ တို့တမျှ သို့မဟုတ်
အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒတို့
လို “ခြောက်ပြစ်ကင်း၍ စင်းလုံးချော” ဟုဆိုနိုင်ပါမည်လော၊
ရွာတစ်ရွာ၌ တောင်ဘက်အိမ်က မိန်းမကြီးတစ်ယောက်
စကားထစ်ကြောင်း ပြောလာသော သားငယ်က “အ---အ---
အဖေ၊ ဟို---ဟို---ဟို ဘက်အိမ်က၊ မိန်း---မိန်း---မိန်းမကြီး
ဟာ၊ စ---စ--- စကားထစ် --- ထစ်---ထစ်---ထစ်လိုက်တာ”
ဟုပြောသလို ထိုသူကိုယ်တိုင်မှာလည်း အကဲ့ရဲ့ခံရပြီးဖြစ်၍ 
“သူခိုးသေဖော်ညှိများ” ဖြစ်တတ်ကြသည်။

သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်များကို အစွမ်းကုန် ဖုံးကွယ်ထားသော 
“ကြောင်သူတော်များ” ဖြစ်တတ်ကြသည်။ ဘာကြောင့်နည်း။
“ခိုးတတ်လျှင် ရိုးတတ်”သောကြောင့်တည်း။ တချို့အချက်များ
ကား “ကိုယ့်ထက်သာ၍ မနာလို” ကဲ့ရဲ့သော်လည်း ထိုအကဲ့ရဲ့
မျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ ဘာကြောင့်
နည်း။ မိန်းကလေးတစ်ယောက်အိမ်သို့ ဂုဏ်ရှိသရေရှိ ယောက်ျား
ကလေး ထွက်ဝင်နေရာဝယ် တစ်နယ်လုံး ကဲ့ရဲ့ကြရာ၌ အမှန်စင်
စစ်မှာ မိမိတို့ဆီ မလာသောကြောင့်သာ ဖြစ်သကဲ့သို့တည်း။ ဤ
သို့လျှင် အကဲ့ရဲ့ခံရမူသည် မကင်းနိုင်သော လောကဓံ ဖြစ်သည့်
အပြင် အမှန်အားဖြင့် ကဲ့ရဲ့သလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်
ရှိသည်ပင် ထားဦးတော့။ ကြောက်သင့် ရှက်သင့်သလောက်ထက်
မိမိစိတ်ကို မိမိခြောက်နေခြင်းက ပိုကောင်းပါလိမ့်မည်။

တစ္ဆေကြောက်တတ်သူသည် ညဉ့်မှောင်မိုက်ထဲတွင် ထန်းပင်ငုတ်
တိုကိုမြင်ရာ၌ ထန်းပင်ငုတ်တိုက လုံးဝမခြောက်သော်လည်း သူ့
စိတ်ထဲက “တစ္ဆေပဲ တစ္ဆေပဲ”ဟု အသေအလဲစွဲလမ်း၍ တစ္ဆေ
ကမ္မဋ္ဌာန်း စီးဖြန်းသောကြောင့် ကမ္မဋ္ဌာန်းပေါက်ပြီးလျှင် သူ့နောက်
သို့ လိုက်နေသည်ထင်ကာ မစင်ပါအောင် ပြေးရှာသကဲ့သို့တည်း။
ထို့အတူ အချို့ကိစ္စ၌ မိမိစိတ်မှ မိမိခြောက်ကာ အလွန့် အလွန်
ကြောက်စရာဟု ထင်လာတတ်ပေသည်။ ထို့ကြောင့် သံယုတ်
ပါဠိတော်၌ “တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီး
ပြေးရှာသော သမင်ပျိုကဲ့သို့ အကဲ့ရဲ့ခံရမည်ကို ကြောက်နေသူကို
လည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ၊ ပေါ့ဆစိတ်ရှိသူ”ဟု မိန့်တော်
မူသည်။ ချွတ်ချွတ်သံကြားတိုင်း ပြေးရသဖြင့် သမင်ပျိုမှာ အစာ
ရေစာ မ၀သကဲ့သို့ ထိုကြောက်တတ်သူမှာလည်း မည်သည့်အကျိုး
ကိုမျှ မရချေ။ နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့ရဲ့
ရကား ထိုကဲ့သို့ ရှက်မှန်းကြောက်မှန်း သိလျှင် ကဲ့ရဲ့သူတို့အတွက်
“မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဖြစ်ပေလတ္တံ့။

တစ်နည်းတစ်ဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ခံနေရသည်မှာ တစ်မျိုး
အားတက်စရာ ဖြစ်၏။ အဘယ်ကြောင့်နည်း။ ခွေးလှေးကြမ်းပိုး
အုတ်ကြားမြက်ပေါက် အစားမျိုးကို အရေးလုပ်၍ မပြောလိုကြ၊
အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ကြသောကြောင့်တည်း။ ထို့ကြောင့်
သစ်ပင်အများရှိရာတွင် အမြင့်ဆုံးသစ်ပင်သည် လေတိုက်အခံရ
ဆုံး ဖြစ်သကဲ့သို့ ထို့အတူ အထက်တန်းကျလေ လောကဓံလေ
မုန်တိုင်း အတိုက်ခံရလေ ဖြစ်ရကား အကဲ့ရဲ့ခံရမူကို ဂရုစိုက်၍
ဝမ်းမနည်းထိုက်လှသည့်အပြင် တချို့ ကဲ့ရဲ့ခြင်းမှာ မိမိအထက်
တန်း ရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ၀မ်းသာဖွယ်
ကောင်းပေသည်။

ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မူများကို အရေးစိုက်ကာ အရာရာ
မတုန်လူပ်အောင် “ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်” မြဲမြံ
သော စိတ်ထား၊ ခိုင်မာသော သမာဓိ တရားရှိအောင် ကြိုးစား
၍ လေ့လာကြရမည်။ အကဲ့ရဲ့ခံရသည့်အခါတိုင်း “ငါ၏စိတ်များ
ဘယ်အခြေ ရောက်အောင် ခိုင်မာနေပါလိမ့်မည်နည်း”ဟု စဉ်း
စဉ်းစားစား သတိထားကာ အကဲ့ရဲ့ဒဏ်ကို အရသာခံကြည့်
ပါလေ။
ကဲ့ရဲ့ရာ၌ မတုန်လူပ်သကဲ့သို့ ချီးမွမ်းသည့်အခါ၌လည်း သိ
သိသာသာကြီး မပြုံးမိစေဘဲ “အလုပ်ကောင်း၍ အကျိုးရ
သည်မှာ ဓမ္မတာပဲ”ဟု နှလုံးသွင်းလျက် သန့်ရှင်းသော
စိတ်ထားဖြင့် “အခြားသူများလည်း ငါ့ကဲ့သို့ ဂုဏ်ရှိကာ
အချီးမွမ်းခံရပါစေ”ဟု အမျှဝေသဘောဖြင့် စိတ်မနော
ကောင်းသင့်ကြပေသည်။ (သုခ ဒုက္ခတို့သဘောကား
ထင်ရှားပြီ။)

အချုပ်ကား - လောကဓံ ၈-ပါးတွင် အကောင်း ၄-ပါးကို
“ဣဋ္ဌာရုံ(အလိုရှိအပ်သောအာရုံ)” ဟုခေါ်သည်။ မကောင်း
၎-ပါးကို “အနိဋ္ဌာရုံ(အလိုမရှိအပ်သောအာရုံ)” ဟုခေါ်သည်။
ရှေးရှေးဘ၀များစွာ သံသရာက ကံကောင်းကံဆိုး (ကုသိုလ်
အကုသိုလ်) ၂-မျိုးကို ပြုလာခဲ့သော ငါတို့မှာ ထိုဣဋ္ဌာရုံ
အနိဋ္ဌာရုံ အမျိုးစုံနှင့် အမှန်တွေ့ကြုံကြရတော့မည်။ ထိုကဲ့
သို့ တွေ့ကြုံရာ၌ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်
တိုင်းကို မိမိ၏ လုံ့လစွမ်း ဉာဏ်စွမ်းတို့ဖြင့် နည်းလမ်းရှိသ
မျှ ခုခံကာကွယ်ကြပြီးလျှင် အကြင်သို့သော နိဗ္ဗာန်ဆိပ်ကမ်း
သို့ မျှော်မှန်းကူးခပ်ရမည်။

ဥပမာ - ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း
 ငြိမ်သက် အေးချမ်းစွာ ကျော်လွန်ရလိမ့်မည်
ဟု မမျှော်လင့်နိုင်။ မကြာမကြာပင် သာမန်လှိုင်းလေး၊ ပြင်း
ထန်သောလှိုင်းလေး၊ သဘောင်္ာကိုပင် အန္တရာယ်ဖြစ်စေနိုင်
သော လိုင်းလေးများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့
ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လ
စွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် ထိုလိုင်းလေးများကို ခုခံ၍ မိမိလိုရာ
ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။

ကတတ္တာ နာနာကမ္မာနံ၊
ဣဋ္ဌာနိဋ္ဌေပိ အာဂတေ။
ယောနိသော တိတ္ထံ သန္ဓာယ၊
တရေယျ နာဝိကော ယထာ။

နာနာကမ္မာနံ = ကံကောင်းကံဆိုး အမျိုးမျိုးတို့ကို။ ကတတ္တာ
= ဘ၀များစွာ သံသရာ မကွာထက်ကြပ် ပြုအပ်ခဲ့လေသော
ကြောင့်။ ဣဋ္ဌာနိဋ္ဌေ = အကောင်းအဆိုး အာရုံ ၂-မျိုးသည်။
အာဂတေပ = အကြောင်းအားလျော်စွာ ပေါ်လာခဲ့ပါသော်
လည်း။ နာဝိကော ယထာ = ပင်လယ်ကိုကူး မာလိန်မှူးကဲ့
သို့။ ယောနိသော = သင့်တင့်လျော်ကန် တော်မှန်ထုံးအရ
အသုံးကျမည့် လုံ့လပညာ အလိမ္မာဖြင့်။ တိတ္ထံ = ဒုက္ခမီးစက်
ဆူဆူပွက်သည့် ဤဘက်ကမ်းမှ စခန်းထဖို့ နန်းမခေမံ နေရ
ဗဏ်နန်း ဟိုဘက်ကမ်းကို။ သန္ဓာယ = စိတ်စဉ်ဖြောင့်တန်း
ကောင်းစွာမှန်း၍။ တရေယျ = လောကဓံလိုင်း လေမုန်တိုင်း
ကြောင့် မဆိုင်းမလူပ် ဉာဏ်အားထုတ်လျက် သုတ်သုတ်
လျင်စွာ ကူးခပ်ရာသတည်း။

ဤသို့လျှင် လောကဓံ ၈-ပါးကြောင့် စိတ်လူပ်ရှားခြင်း မရှိ၊
အရှည်ကို မြော်မြင်၍ ကြိုတင်စီမံလေ့လည်းရှိ။ မိမိစီမံသည့်
အတိုင်း အကျိုးရှိအောင် ၀ီရိယလည်းရှိသူတို့မှာ ကိုယ်ဆင်း
ရဲမူ ဒုက္ခ၊ စိတ်ဆင်းရဲမူ ဒေါမနဿတို့မှ ကင်းကွာ၍ ချမ်းချမ်း
သာသာနှင့် ပါရမီကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာ
လူဖြစ်ရကျိုးနပ်သူ ဖြစ်ပါလိမ့်သတည်း။

“လောကဓံတွေ့ရိုးမို့၊ အမျိုးမျိုးတွေ့ရမယ်။
စိတ်အနေ မတုန်လူပ်အောင်၊ ထိန်းချုပ်ပါ့ကွယ်”

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
ထုတ်နူတ်ဖော်ပြပေးထားပါသည်။ (မေတ္တာရိပ်မှ)
Read More »

အသင်း၏ရည်ရွယ်ချက်

(၁) လူငယ်ထု အတွင်း ပရဟိတ စိတ်ဓါတ်များ ဖွံ့ဖြိုး တိုးတက် လာစေရန်
(၂) သာသနိက အဆောက် အဦများ ရေရှည်တည် တံ့ခိုင်မြဲစေရန်
(၃) ဗုဒ္ဓဘာသာသာသနာတော်ကြီး ပိုမိုထွန်းကားစေရန် အတွက် နိုင်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ရန်

ရာသက်ပန်အလှူရှင်များ

(၁) ကိုနိုင်ဝင်း+မစိုးစိုးအောင်(ကမ္ဘာအေး) တစ်လ ဆန်(၂)အိတ်

(၂)ကိုအောင်ကျော်မြင့်မိသားစု (O-L-S Agency) တစ်လ (၅၀၀၀၀ိ/-)ကျပ်

(၃) ကိုဝင်းငွေအောင်မိသားစု (Container Transport Service) တစ်လ(၄၀၀၀၀ိ/-)ကျပ်

(၄)ကိုသီဟထွန်း+မရွှေဝါထွန်း (Golden King Agency) တစ်လ (၂၀၀၀၀ိ/-)ကျပ်

(၅)ကိုမျိုးလင်းအောင် (အောင်ကျွန်းသာ ကုမ္မဏီလီမိတက်) တစ်လ (၂၀၀၀၀ိ/-)ကျပ်

(၆)ကိုသန်းဇော်၊ကိုကျော်စိုးအောင် (ဇဗ္ဗူဟိန်း Agency) တစ်လ (၂၀၀၀၀ိ/-)ကျပ်

(၇) ဟိန်းထိုက်အောင် (Container Transport Service)မှ ယာဉ်မောင်းများ တစ်လ (၁၃၆၀၀၀ိ/-)ကျပ်

(၈)ကိုမြင့်သောင်း+မစန်းစန်းထွေး မိသားစု(စီမံကိန်း-၂) တစ်လ (၂၀၀၀၀ိ/-)ကျပ်

(၉) ဒေါ်ရီရီညွန့်(ဆမ)

တစ်လ (၄၀၀၀ိ/-)ကျပ်

ဝါတွင်းသီးသန့်အလှူရှင်များ

(၁)ကွယ်လွန်သူဦးတင်အောင်စိုးအား ရည်စူး၍ ဒေါ်ခင်မာအေးမိသားစု

ဝါတွင်း(၃)လ တစ်လလျှင် ဆန်(၄၀)ပြည်

သီးသန့်အလှူရှင်များ

(၁)ကွယ်လွန်သူဖခင်ကြီး(ဦးစံရီ)အားရည်စူး၍
ကိုဝင်အောင်(Container Transport Service)
၆-၁၁-၂၀၁၂ရက်နေတွင်အလှူငွေ-(၅၀၀၀၀ိ/-)လှူဒါန်းပါသည်။

(၂)ဗိုလ်မှူးဌေးလွင်+ဒေါ်ရီရီသန်း
အမှတ်-၁၄၃၊ဗိုလ်တာယာ(၂)လမ်းမှ
၁၄-ရပ်ကွက်၊တောင်ဥက္ကလာမှ
ကျပ် ၁၅၀၀၀၀ိ/-တန်ဖိုးရှိ ပလပ်စတစ်ထိုင်ခုံနှင့်
စားပွဲများ(၁၁-၁၁-၂၀၁၂)ရက်နေ့တွင်လှူဒါန်းပါသည်။

လက်ဆောင်စကားများ

အလည်လာခဲ့သူပေါင်း